“စီရော်နယ်လ်ဒိုရဲ့ အနီကတ်ပြစ်ဒဏ်ကို အယူခံဝင်ဖို့ စီစဉ်နေတဲ့ ပေါ်တူဂီဘောလုံးအဖွဲ့ချုပ်”

18 Nov

ပေါ်တူဂီဘောလုံးအဖွဲ့ချုပ်(FPF)ဟာ အသင်းခေါင်းဆောင် တိုက်စစ်မှူး စီရော်နယ်လ်ဒိုရဲ့ အနီကတ် ပြစ်ဒဏ်ကို အယူခံဝင်ဖို့ စီစဉ်နေကြောင်း သိရပါတယ်။ စီရော်နယ်လ်ဒို ဟာ အိုင်ယာလန်အသင်းကို ၂ ဂိုး၊ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်မှာ တိုက်ရိုက်အနီကတ်နဲ့ ထုတ်ပယ်ခံခဲ့ရပါတယ်။ ဒါကြောင့် စီရော်နယ်လ်ဒို အနေနဲ့ ၃ ပွဲပယ်ပြစ်ဒဏ်ကျခံရမှာ ဖြစ်တာကြောင့် ပြီးခဲ့တဲ့ အာမေးနီးယားနဲ့ ခြေစစ်ပွဲ၊ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ အုပ်စုအဖွင့်နှစ်ပွဲတို့ကို ပွဲပယ်ခံရမှာ ဖြစ်ပါတယ်။ ပေါ်တူဂီဘောလုံးအဖွဲ့ချုပ်က ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)ထံ အယူခံဝင်ဖို့စီစဉ်နေပြီး အိုင်ယာလန် ပရိသတ်တွေရဲ့ ဖိအားပေးမှုကြောင့် အနီကတ်ပြခံခဲ့ရခြင်းဖြစ်ကြောင်း ဖြေရှင်းချက်ပေးပြီး တစ်ပွဲပယ်ပြစ်ဒဏ်သာ ချမှတ်ဖို့ တောင်းဆိုသွားမယ်လို့ သိရပါတယ်။ စီရော်နယ်လ်ဒို ဟာ ၂၀၂၆ ကမ္ဘာ့ဖလား စတင်တဲ့အချိန်မှာ အသက် ၄၁ နှစ်ကျော်နေမှာဖြစ်လို့ ကမ္ဘာ့ဖလား ယှဉ်ပြိုင်ခွင့်ရတဲ့ အသက်အကြီးဆုံးပေါ်တူဂီကစားသမားအဖြစ် မှတ်တမ်းဝင်မယ်လို့ သိရပါတယ်။ ၂၀၂၆ ကမ္ဘာ့ဖလား ပြိုင်ပွဲဟာ စီရော်နယ်လ်ဒို နဲ့ မက်ဆီ တို့အတွက် (၆) ကြိမ်မြောက် ယှဉ်ပြိုင်ခွင့်ရတဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲ ဖြစ်လာမယ်လို့ သိရပါတယ်။ (NVS-008)

18 Nov

ADVERTISE HERE .