“ဘီလ်ဘာအိုအသင်းနဲ့ ပွဲစဉ်ကို နူးကမ့်ကွင်းသစ်မှာ ယှဉ်ပြိုင်မည်”

18 Nov

ဘာစီလိုနာအသင်းက အခုတစ်ပတ်ယှဉ်ပြိုင်ရမယ့် ဘီလ်ဘာအိုအသင်းနဲ့ လာလီဂါပွဲစဉ်ကို နူးကမ့်ကွင်းသစ် မှာ ယှဉ်ပြိုင်ကစားမယ်လို့ အတည်ပြုကြေညာခဲ့ပါတယ်။ ဘာစီလိုနာအသင်းဟာ နူးကမ့်ကွင်းကို ၂၀၂၃ ခုနှစ်ကတည်းက အဆင့်မြှင့်တည်ဆောက်မှု ပြုလုပ်နေတာ ဖြစ်ပြီး ပြီးစီးသွားခဲ့ရင် ပရိသတ် ၁၀၅,၀၀၀ အထိ ဝင်ဆံ့မှာဖြစ်ပါတယ်။ တာဝန်ရှိသူတွေက ဘာစီလိုနာအသင်းရဲ့ အိမ်ကွင်းပွဲတွေကို နူးကမ့်ကွင်းမှာ လက်ခံကစားခွင့်ပြုလိုက်ပြီဖြစ်ပေမဲ့ လက်ရှိအချိန်မှာ တည်ဆောက်မှုတွေ ပြုလုပ်နေဆဲဖြစ်တာကြောင့် ဘီလ်ဘာအိုနဲ့ပွဲမှာ ပရိသတ် ၄၅,၄၀၁ ဦးသာ ကြည့်ရှုခွင့်ပြုမှာဖြစ်ကြောင်း သိရပါတယ်။ (NVS-008)

18 Nov

ADVERTISE HERE .