“အဲဗာတန်အသင်းနဲ့ပွဲစဉ်မှာ ပါဝင်လာဖွယ်ရှိတဲ့ မာတီနက်ဇ်”

18 Nov

ဒဏ်ရာကြောင့် ကာလရှည်အနားယူနေခဲ့ရတဲ့ မန်ယူအသင်းရဲ့ နောက်ခံကစားသမား လီဆန်ဒရို မာတီနက်ဇ် ဟာ လာမယ့် အဲဗာတန်အသင်းနဲ့ပွဲစဉ်မှာ ပြန်ကစားနိုင်ဖွယ်ရှိကြောင်း သိရပါတယ်။ လီဆန်ဒရို မာတီနက်ဇ် ဟာ ဖေဖော်ဝါရီလက ယှဉ်ပြိုင်ခဲ့တဲ့ ခရစ္စတယ်ပဲလေ့စ်နဲ့ပွဲမှာ ဒူးအရွတ်စုတ်ပြဲတဲ့ ဒဏ်ရာရရှိခဲ့တာကြောင့် ကာလရှည်အနားယူခဲ့ရတာဖြစ်ပြီး မန်ယူအသင်းအတွက် မကစားနိုင်တာ ၉ လ ကျော် ကြာမြင့်သွားခဲ့ပါပြီ ဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ ဒဏ်ရာပျောက်ကင်းသွားပြီဖြစ်တာကြောင့် အောက်တိုဘာလအတွင်း မန်ယူအသင်းနဲ့ အတူ လေ့ကျင့်မှုအပြည့် ပြန်လုပ်နိုင်ပြီဖြစ်သလို အခုနိုင်ငံတကာရက်သတ္တပတ်မှာလည်း အာဂျင်တီးနားအသင်း နဲ့အတူ လေ့ကျင့်မှုပြုလုပ်ခဲ့ကြောင်း သိရပါတယ်။ ဒါကြောင့် လီဆန်ဒရိုမာတီနက်ဇ် အနေနဲ့ မန်ယူအသင်းအတွက် ပြန်ကစားဖို့ အသင့်ဖြစ်နေပြီး အဲဗာတန်နဲ့ပွဲလူစာရင်းမှာ ပါဝင်လာဖွယ်ရှိကြောင်း ထင်ကြေးပေးမှုတွေ ရှိနေပါတယ်။ မန်ယူအသင်းဟာ အခုတစ်ပတ်ပရီးမီးယားလိဂ်မှာ အဲဗာတန်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး လာမယ့်တစ်ပတ်မှာတော့ လီဆန်ဒရိုမာတီနက်ဇ်ကို ဒဏ်ရာရရှိစေခဲ့တဲ့ ခရစ္စတယ်ပဲလေ့စ်အသင်းနဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။ (NVS-008)

18 Nov

ADVERTISE HERE .