“မန်ယူအသင်းရဲ့ တိုက်စစ်မှူး ရှက်ရှကို ဒူးဒဏ်ရာကြောင့် တစ်လခန့် နားရမယ်”

18 Nov

မန်ယူအသင်းရဲ့ တိုက်စစ်မှူး ရှက်ရှကို ဟာ ဒူးဒဏ်ရာကြောင့် တစ်လခန့် အနားယူရမယ်လို့ သိရပါတယ်။ ရှက်ရှကို ဟာ နိုဝင်ဘာလ ၈ ရက် စပါးအသင်းနဲ့ပွဲစဉ်မှာ လူစားဝင်ကစားခဲ့ပြီး ပွဲပြီးခါနီးမှာ ဒဏ်ရာရရှိခဲ့တာ ဖြစ်တယ်။ ရှက်ရှကို ရဲ့ဒဏ်ရာနဲ့ပတ်သက်ပြီး မန်ယူအသင်းဘက်ကတော့ တရားဝင်သတင်းထုတ်ပြန်မှု မရှိသေးပေမယ့် လာမယ့် အဲဗာတန်အသင်းနဲ့ ပရီးမီးယားလိဂ် ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာတော့ နည်းပြ အာမိုရင်မ်က ရှက်ရှကိုရဲ့ ဒဏ်ရာနဲ့ပတ်သက်ပြီး ပြောကြားလာဖို့ ရှိနေပါတယ်။ ရှက်ရှကို ဟာ မန်ယူအသင်းကို ရောက်ရှိလာပြီး ကတည်းက ပွဲစဉ် ၁၂ ပွဲမှာ နှစ်ဂိုးသာ သွင်းယူနိုင်ခဲ့သလို ကစားသမားသစ်လေးဦးထဲမှာ ဝေဖန်မှုအခံရဆုံး ဖြစ်နေပါတယ်။ မန်ယူအသင်းဟာ အမ်ဘူမိုနဲ့ အာမက်ဒီယာလို တို့ကို ဒီဇင်ဘာလ ၂၁ ရက်မှာစတင်မယ့် အာဖရိကနိုင်ငံများဖလားကို စေလွှတ်ဖို့ ရှိနေပါတယ်။ (NVS-008)

18 Nov

ADVERTISE HERE .