“PSG နဲ့ အမ်ဘာပေ အပြန်အလှန် နစ်နာကြေးတောင်းဆိုနေ”
18 Nov
PSG နဲ့ အမ်ဘာပေ တို့အကြား အပြန်အလှန်နစ်နာကြေးများ တောင်းဆိုနေကြပြီး ပြင်သစ်အသင်း ခေါင်းဆောင် အမ်ဘာပေ က PSG အသင်းကနေ ယူရို ၂၆၃ သန်း အလိုရှိနေပြီး PSG အသင်းကလည်း အမ်ဘာပေ ထံကနေ ယူရိုသန်း ၂၄၀ ပြန်လည်တောင်းဆိုထားပါတယ်။ ယခုအခါ၎င်းတို့ကြား အငြင်းပွားမှုဟာ ပါရီအလုပ်သမား ခုံရုံးအထိ ရောက်ရှိခဲ့ရတာ ဖြစ်ပါတယ်။ ရီးရဲလ်တိုက်စစ်မှူး အမ်ဘာပေ က PSG အသင်းကနေ မရရှိသေးတဲ့ လစာယူရို ၅၅ သန်းအပါအဝင် စာချုပ်အငြင်းပွားမှုကို တုံ့ပြန်ခဲ့ရာမှာ ထိခိုက်နစ်နစ်မှု၊ ကလပ်အသင်းဘက်က ဆိုးရွားစွာဆက်ဆံခံရမှုတွေနဲ့ လျော်ကြေးတောင်းထားတာဖြစ်ပါတယ်။ PSG အသင်းကတော့ အမ်ဘာပေ ဟာ ၂၀၂၃ ခုနှစ်မှာ ဆော်ဒီကလပ် အယ်လ်ဟီလာအသင်းထံ ပြောင်းရွှေ့ကြေးယူရို သန်း ၃၀၀ နဲ့ မပြောင်းခဲ့လို့ လျော်ကြေးတောင်းထားတာ ဖြစ်ပါတယ်။ (NVS-008)
18 Nov