“တောင်ကိုရီးယားက စစ်ရေးကိစ္စများဆွေးနွေးရန် မြောက်ကိုရီးယားကို ကမ်းလှမ်း"

18 Nov

တောင်ကိုရီးယားနိုင်ငံက မြောက်ကိုရီးယားနိုင်ငံနှင့် နှစ်နိုင်ငံနယ်စပ်ဒေသတစ်လျှောက်တွင် မတော်တဆ ပစ်ခတ်မှုများနှင့် စစ်ရေးတင်းမာမှုများကို ရှောင်ရှားနိုင်ရေးအတွက် စစ်ရေးကိစ္စများကို ဆွေးနွေးမှုများ ပြုလုပ်ရန် မြောက်ကိုရီးယားနိုင်ငံကို ကမ်းလှမ်းလိုက်ကြောင်း သိရသည်။ တောင်ကိုရီးယားနိုင်ငံ၏ အမျိုးသားကာကွယ်ရေး မူဝါဒရေးဆိုင်ရာ ဒုတိယကာကွယ်ရေးဝန်ကြီး ကင်ဟောင်ချို က နှစ်နိုင်ငံကြား စစ်ဘက်ဆိုင်ရာနယ်သတ်မျဉ်း သတ်မှတ်နိုင်ရေးအတွက် မြောက်ကိုရီးယားနိုင်ငံနှင့် စစ်ရေးဆိုင်ရာဆွေးနွေးမှုလုပ်ရန် တောင်းဆိုထားခြင်းဖြစ် ကြောင်း နိုဝင်ဘာလ ၁၇ ရက်တွင် ပြောသည်။ မြောက်ကိုရီးယားနိုင်ငံအနေဖြင့် စစ်မဲ့ဇုန်ရှိ ၎င်းတို့၏နယ်နမိတ်တွင် မိုင်းများထောင်ခြင်း၊ လမ်းများ ဖောက်ခြင်း၊ သံဆူးကြိုးများ ကာရံခြင်းတို့ လုပ်ဆောင်နေစဉ် မြောက်ကိုရီးယားစစ်သည်အချို့က တောင်ကိုရီးယား နိုင်ငံဘက်အခြမ်းသို့ ရံဖန်ရံခါရောက်လာတတ်သောကြောင့် နှစ်နိုင်ငံကြား ပဋိပက္ခဖြစ်ပွားလာနိုင်ခြေရှိကြောင်း ကင်ဟောင်ချို က ပြောသည်။ မကြာသေးမီက တောင်ကိုရီးယားသို့ မြောက်ကိုရီးယားစစ်သည်များ ဝင်ရောက်လာစဉ် တောင်ကိုရီးယား ဘက်က သတိပေးပစ်ခတ်မှုများ လုပ်ဆောင်ခဲ့ရကြောင်း ဆင်ဟွာသတင်းဌာန ဖော်ပြချက်အရ သိရသည်။

18 Nov

ADVERTISE HERE .