“အစ္စရေးတပ်ဖွဲ့က လက်ဘနွန်တောင်ပိုင်းရှိ ကုလသမဂ္ဂငြိမ်းချမ်းမှုထိန်းသိမ်းရေးတပ်ဖွဲ့ကို ပစ်ခတ်မှု လုပ်ဆောင်ခဲ့”

18 Nov

အစ္စရေးတပ်ဖွဲ့သည် လက်ဘနွန်နိုင်ငံတောင်ပိုင်းရှိ ကုလသမဂ္ဂငြိမ်းချမ်းမှုထိန်းသိမ်းရေးတပ်ဖွဲ့ကို ပစ်ခတ် မှု လုပ်ဆောင်ခဲ့ကြောင်း ကုလသမဂ္ဂတပ်ဖွဲ့က နိုဝင်ဘာလ ၁၆ ရက်တွင်ထုတ်ပြန်ထားသည်။ အစ္စရေးတပ်ဖွဲ့ အနေဖြင့် ကင်းလှည့်တာဝန်ထမ်းဆောင်နေသော ကုလသမဂ္ဂတပ်ဖွဲ့တစ်ဖွဲ့ကို ပစ်ခတ်မှုလုပ်ခြင်းဖြစ်ပြီး ယင်း လုပ်ရပ်သည် ရန်လိုသောလုပ်ရပ်သာဖြစ်ကြောင်း ကုလသမဂ္ဂ၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ တစ်ချိန် တည်းမှာပင် အစ္စရေးအနေဖြင့် ထိုဖြစ်စဉ်ဖြစ်ပွားသည်ကို သိရှိကြောင်း၊ သို့သော် ရာသီဥတုဆိုးဝါးနေခြင်းကြောင့် သာ မှားယွင်းပစ်ခတ်မိခြင်းဖြစ်ကြောင်းနှင့် ရည်ရွယ်ချက်ရှိရှိဖြင့် လုပ်ဆောင်ခြင်းမဟုတ်ကြောင်း အစ္စရေး တပ်မတော်က ထုတ်ပြန်ထားသည်။ အစ္စရေးတပ်ဖွဲ့သည် မာကာဗာတင့်မှနေ၍ ကုလသမဂ္ဂတပ်ဖွဲ့ဝင်များကို ပစ်ခတ်ခြင်းဖြစ်ကြောင်း၊ ယင်းသို့ ပစ်ခတ်ခြင်းက ၂၀၀၆ ခုနှစ် စစ်ပွဲကို အဆုံးသတ်စေခဲ့သော အစ္စရေးနှင့်လက်ဘနွန်တို့ကြား ရရှိထားသည့် အပစ် အခတ် ရပ်စဲရေးသဘောတူညီချက်ကို ချိုးဖောက်ခြင်းဖြစ်ကြောင်း၊ ထိုသို့တိုက်ခိုက်မှုသည် ယခုအကြိမ်က ပထမဆုံးမဟုတ်ကြောင်း၊ ထို့ကြောင့် အစ္စရေးအနေဖြင့် ရန်လိုသောအပြုအမူများကို ရပ်တန့်ကာ ဒေသတွင်း တည်ငြိမ်မှုထိန်းသိမ်းနေသည့် ကုလသမဂ္ဂတပ်ဖွဲ့ဝင်များကို တိုက်ခိုက်ခြင်းမပြုရန် ကုလသမဂ္ဂ၏ထုတ်ပြန်ချက် တွင် ဖော်ပြထားသည်ဟု RT သတင်းဌာနဖော်ပြချက်အရ သိရသည်။

18 Nov

ADVERTISE HERE .