“ရိုးမရိပ်သာအိမ်ရာ နေထိုင်ခွင့်ရသူများကို အခန်းသော့ထုတ်ပေးမည်”
18 Nov
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့အစီအစဉ်နဲ့ ရောင်းချတဲ့ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ ရိုးမရိပ်သာအိမ်ရာ၊ အခန်းနေထိုင်ခွင့် အကြောင်းကြားစာ ထုတ်ယူပြီးသူများကို အခန်းသော့ထုတ်ပေးသွားမည်ဖြစ်ကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ သိရပါတယ်။ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ ရိုးမရိပ်သာအိမ်ရာမှာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့အစီအစဉ်နဲ့ ရောင်းချ ခဲ့တဲ့ အခန်းများကို တန်ဖိုးငွေအကြေပေးသွင်းပြီးသူများနှင့် အခန်းနေထိုင်ခွင့်အကြောင်းကြားစာများကို နိုဝင်ဘာလ ၁၇ ရက် ကနေ ၁၉ ရက်အထိထုတ်ပေးမှာ ဖြစ်ပါတယ်။ အဲဒီနောက် ရိုးမရိပ်သာအိမ်ရာ အခန်းနေထိုင်ခွင့် အကြောင်းကြားစာ ထုတ်ပြီးသူများကို အခန်းသော့ထုတ်ပေးခြင်းနှင့် အခန်းအပ်နှံခြင်းကိုလည်း နိုဝင်ဘာလ ၂၀ ရက်မှ ၂၂ ရက်အထိ ဆောင်ရွက်ပေးမှာ ဖြစ်ပါတယ်။ နိုဝင်ဘာလ ၂၀ ရက်မှာ ၆ ခန်းတွဲ ၄ ထပ် တိုက်အမှတ် ၅၆/ ၅၇/ ၅၈/ ၅၉/ ၆၀/ ၆၁/ ၆၂/ ၆၄/၆၅/၆၆/၆၇ ထုတ်ပေးမည်ဖြစ်ပါတယ်။ နိုဝင်ဘာလ ၂၁ ရက်တွင် ၁၂ ခန်းတွဲ ၄ ထပ် တိုက်အမှတ် ၃၈/၃၉/၄၀/၄၁/၄၄/၄၅ တွင်နေထိုင်ခွင့်ရသူများကို သော့ထုတ်ပေးမည်ဖြစ်ပါတယ်။ နိုဝင်ဘာလ ၂၂ ရက်တွင် ၈ ခန်းတွဲ ၄ ထပ် နှင့် ၁၂ ခန်းတွဲ ၄ ထပ် တိုက်အမှတ် ၁၉/၂၀/၂၂/၂၄/၄၆/၄၇/၄၉/၅၀ ၌နေထိုင်ခွင့်ရသူများကို သော့ထုတ်ပေးမှာ ဖြစ်ပါတယ်။ အဆိုပါ အခန်းတွဲများမှာ နေထိုင်ခွင့်ရသူများအနေနဲ့ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ ရိုးမရိပ်သာအိမ်ရာသို့ နံနက် ၁၀ နာရီမှ ညနေ ၃ နာရီအတွင်း နေထိုင်ခွင့်အကြောင်းကြားစာမူရင်း၊ မိတ္တူ၊ မှတ်ပုံတင်မူရင်း၊ ကိုယ်စားလှယ် ဖြစ်ပါက ကိုယ်စားလှယ်လွှဲစာမူရင်း၊ ဝယ်ယူခွင့်ရသူ၏မှတ်ပုံတင်မိတ္တူ၊ ကိုယ်စားလှယ်၏မှတ်ပုံတင်မူရင်း၊ မိတ္တူတို့ကို ယူဆောင်ကာ သော့လာရောက်ထုတ်ယူနိုင်ကြောင်း အသိပေးထားပါတယ်။ (NVS-004)