“(၆၀)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာအရောင်းပြပွဲဖွင့်လှစ်”

18 Nov

ကျောက်စိမ်းရိုင်းများ၊ ကျောက်စိမ်းအချောထည်များ၊ ကျောက်မျက်ရိုင်းများ၊ ကျောက်မျက်လက်ဝတ်ရတနာ များ၊ ပုလဲများကိုရောင်းချမည့် (၆၀)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲကို နိုဝင်ဘာလ ၁၇ ရက် နံနက်ပိုင်းက နေပြည်တော်ရှိမဏိရတနာကျောက်စိမ်းခန်းမမှာ စတင်ဖွင့်လှစ်ခဲ့ပြီး နိုင်ငံတော်ယာယီမ္မတ နိုင်ငံတော် လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်ခဲ့ပါတယ်။ ယာယီသမ္မတက မြန်မာ့ပုလဲများထုတ်လုပ်မှုနှင့် ရောင်းချနိုင်မှု၊ ကျောက်မျက်ရတနာပစ္စည်းများ ထုတ်လုပ်မှု နှင့် (၆၀)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲကျင်းပနိုင်ရေး ပြင်ဆင်ဆောင်ရွက်ခဲ့မှု ဗီဒီယိုမှတ်တမ်းကို ကြည့်ရှုခဲ့ပြီး ရောင်းချရန်ပြသထားသော ကျောက်စိမ်း၊ ကျောက်မျက်အတွဲများနှင့် ပုလဲအတွဲများကို လှည့်လည် ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရပါတယ်။ ဒါ့အပြင် ယာယီသမ္မတက ပုဂ္ဂလိကကျောက်မျက်ရတနာ အချောထည်အရောင်းပြခန်းများ ဖွင့်လှစ်ရောင်း ချနေမှု၊ ခန်းမအပြင်ဘက်မှာ ခင်းကျင်းပြသထားတဲ့ ကျောက်စိမ်းရိုင်းအတွဲများကို ကြည့်ရှုစစ်ဆေးခဲ့ပါတယ်။ (၆၀)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲမှာ ကျောက်စိမ်းရိုင်း ၅,၀၆၄ တွဲ၊ ကျောက်စိမ်းအချောထည် ၂၁ တွဲ၊ ကျောက်မျက်ရိုင်း ၁၃ တွဲ၊ ကျောက်မျက်လက်ဝတ်ရတနာ ၁၄၇ တွဲ၊ ပုလဲ ၄၈၉ တွဲတို့ကို ပြည်တွင်း၊ ပြည်ပ ရတနာ ကုန်သည်များကို အိတ်ဖွင့်ဈေးပြိုင်တင်ဒါစနစ်ဖြင့် ရောင်းချသွားမည်ဖြစ်ကြောင်း သိရပါတယ်။ အခုလိုရောင်းချရာမှာ အမေရိကန်ဒေါ်လာ၊ ယူရိုငွေ၊ ယွမ်ငွေ၊ ထိုင်းဘတ်ငွေနှင့် ဗဟိုဘဏ်ကလက်ခံတဲ့ နိုင်ငံခြားငွေများဖြင့် ‌ရောင်းချ ပေးသွားမှာ ဖြစ်ပါတယ်။ အဆိုပါ(၆၀)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲကို နိုဝင်ဘာလ ၁၇ ရက်မှ ၂၆ ရက်အထိ ၁၀ တိုင်တိုင် ဖွင့်လှစ်ရောင်းချပေးသွားမှာဖြစ်ကြောင်း သိရပါတယ်။ (NVS-004)

18 Nov

ADVERTISE HERE .