“မြိတ်မြို့မှာ တက္ကသိုလ်ကျောင်းသား/ကျောင်းသူများ ကြိုတင်ဆန္ဒမဲပေး”
18 Nov
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ်အတွင်းနေထိုင်ကာ မဲဆန္ဒနယ်ပြင်ပရှိ တက္ကသိုလ်/ကောလိပ်များသို့ တက်ရောက်ကြမည့် တက္ကသိုလ်ကျောင်းသား/ကျောင်းသူများက နိုဝင်ဘာလ ၁၇ ရက်နံနက်ပိုင်းက စုပေါင်းရုံးခန်းမ၌ ကြိုတင်ဆန္ဒမဲ ပေးခဲ့ကြကြောင်း သိရပါတယ်။ မဲဆန္ဒနယ်ပြင်ပကိုသွားပြီး ကျောင်းတက်ရောက်မည့် ကျောင်းသား၊ ကျောင်းသူများ ဆန္ဒမဲပေးခြင်းကို ဆောင်ရွက်ခဲ့ပြီး သက်ဆိုင်ရာပါတီကိုယ်စားလှယ်များကို ဖိတ်ကြားကာ ကြိုတင်မဲပေးခြင်းကို ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။ အခုလိုကျောင်းသားများ ကြိုတင်ဆန္ဒမဲပေးခြင်းကို နိုဝင်ဘာလ ၁၇ ရက်ကနေ ၂၁ ရက်အထိ ဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲကနေ သိရပါတယ်။ တက္ကသိုလ်ကျောင်းသား/ကျောင်းသူများက ၎င်းတို့၏ ကျောင်းဝင်ခွင့်အထောက်အထားနှင့် သတ်မှတ်စာရွက် စာတမ်းများပြသ၍ ကြိုတင်ဆန္ဒမဲလက်မှတ်များထုတ်ယူပြီး လျှို့ဝှက်ဆန္ဒပြုခန်းတွင် ၎င်းတို့ကြိုက်နှစ် သက်သည့် ကိုယ်စားလှယ်လောင်းကိုဆန္ဒပြုမဲပေးခဲ့ကြကြောင်း သိရပါတယ်။ (NVS-004)