“(၁၇) ကြိမ်မြောက်အရှေ့တောင်အာရှ အသက် ၁၈နှစ်အောက်နှင့် အသက်၂၀နှစ်အောက် ပြေးခုန်ပစ်ပြိုင်ပွဲမှာ မြန်မာ့ပြေးခုန်ပစ် ကစားသမားများ ရွှေတံဆိပ်နှင့် ကြေးတံဆိပ်များရရှိ”

17 Nov

အင်ဒိုနီးရှားနိုင်ငံ North Sumatera , Medan ရှိ Madya Stadium တွင် ကျင်းပနေသည့် (၁၇) ကြိမ်မြောက် အရှေ့တောင်အာရှ အသက် ၁၈ နှစ်အောက် နှင့် အသက် ၂၀ နှစ်အောက် ပြေးခုန်ပစ်ပြိုင်ပွဲတွင် မြန်မာ့ပြေးခုန်ပစ် ကစားသမားများက ရွှေတံဆိပ်နှင့် ကြေးတံဆိပ်များရရှိထားကြောင်း သိရပါတယ်။ အဆိုပါပွဲကို နိုဝင်ဘာလ ၁၅ ရက်မှ ၁၈ ရက်အထိ ကျင်းပလျက်ရှိပြီး မြန်မာပြေးခုန်ပစ်အားကစားသမားများ ရွှေတံဆိပ်တစ်ခုနှင့် ကြေးတံဆိပ်တစ်ခုရရှိထားကြောင်း သိရပါတယ်။ အဆိုပါပြိုင်ပွဲမှာ အသက် ၁၈ နှစ်အောက် လှံတံပစ် (ကျား) ပြိုင်ပွဲတွင် ချစ်မင်းအောင်က ၆၃ ဒသမ ၈၅ မီတာတွင် ပထမဆု (ရွှေတံဆိပ်)၊ အသက် ၂၀ နှစ်အောက် မီတာ ၁၅၀၀(အမျိုးသား)ပြိုင်ပွဲမှာ ရဲရင့်အောင်က ၃ နာရီ ၅၉ မိနစ် ၃၀ စက္ကန့်ဖြင့် တတိယဆု (ကြေးတံဆိပ်) ဆွတ်ခူးရရှိခဲ့ခြင်းဖြစ်ပါတယ်။ (၁၇) ကြိမ်မြောက် အရှေ့တောင်အာရှ အသက် ၁၈ နှစ်အောက်နှင့် အသက် ၂၀ နှစ်အောက် ပြေးခုန်ပစ်ပြိုင်ပွဲ တွင် အရှေ့တောင်အာရှနိုင်ငံများမှ မြန်မာအပါအဝင် ပြေးခုန်ပစ်အားကစားသမား ၂၀၈ ဦး ပါဝင်ယှဉ်ပြိုင်လျက် ရှိ‌ကြောင်း သိရပါတယ်။ (NVS 008)

17 Nov

ADVERTISE HERE .