“(၁၆) ကြိမ်မြောက် ကမ္ဘာ့ကာယဗလနှင့် ကာယကြံ့ခိုင်မှုပြိုင်ပွဲတွင် မြန်မာအားကစားအဖွဲ့ ရွှေတံဆိပ် (၁) ခု အပါအဝင် ဆုတံဆိပ် (၅) ခုဆွတ်ခူး”
17 Nov
အင်ဒိုနီးရှားနိုင်ငံ၊ ဘန်တန်ကျွန်းမှာ နိုဝင်ဘာလ ၁၁ ရက်မှ ၁၇ ရက်အထိ ကျင်းပလျက်ရှိတဲ့ (၁၆) ကြိမ်မြောက် ကမ္ဘာ့ကာယဗလနှင့်ကာယကြံ့ခိုင်မှုပြိုင်ပွဲတွင် မြန်မာအားကစားအဖွဲ့မှ ရွှေတံဆိပ် (၁) ခု အပါအဝင် ဆုတံဆိပ် (၅) ခုဆွတ်ခူးထားကြောင်း သိရပါတယ်။ ပြိုင်ပွဲ၏ Men’s Bodybuilding 75 kg တန်းပြိုင်ပွဲ၌ မြန်မာအားကစားသမား ရဲထွန်းနောင် က နိုင်ငံပေါင်း (၇) နိုင်ငံမှအားကစားသမား ၈ ဦးနှင့်အတူ ဝင်ရောက်ယှဥ်ပြိုင်ခဲ့ပြီးနောက် ရွှေတံဆိပ်ဆုကို ဆွတ်ခူးနိုင်ခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် Men’s Bodybuilding 80 kg တန်းပြိုင်ပွဲ၌ ချမ်းမြေ့ထွန်း က ငွေတံဆိပ်၊ Women’s Swimsuit Model Physique over 165 cm ပြိုင်ပွဲ၌ ဇူးဇူးသန့်က ငွေတံဆိပ်၊ Women’s Model Physique up to 160 cm ပြိုင်ပွဲ၌ နီနီအောင်က ကြေးတံဆိပ်၊ Women’s Swimsuit Model Physique over 170 cm ပြိုင်ပွဲ၌ ဇူးဇူးသန့်က ကြေးတံဆိပ်တို့ကို ရရှိခဲ့ပါတယ်။ အဆိုပါပြိုင်ပွဲသို့ မြန်မာနိုင်ငံကာယဗလနှင့် ကာယကြံ့ခိုင်မှုအားကစားအဖွဲ့ချုပ် ဥက္ကဋ္ဌ ရန်ကုန်ဒုတိယမြို့တော်ဝန် ဦးညီညီ ဦးဆောင်၍ အားကစားသမား ၄ ဦးတို့ ဝင်ရောက်ယှဥ်ပြိုင်လျက်ရှိကြောင်း သိရပါတယ်။ (NVS 008)