“ပေါ်တူဂီနဲ့ နော်ဝေတို့ ကမ္ဘာ့ဖလားခြေစစ်ပွဲ ထပ်မံအောင်မြင်”

17 Nov

၂၀၂၆ ကမ္ဘာ့ဖလား ဥရောပဇုန်ခြေစစ်ပွဲတွေမှာ ပေါ်တူဂီနဲ့ နော်ဝေအသင်း ၂ သင်း ခြေစစ်ပွဲ ထပ်မံအောင်မြင်ခဲ့ ကြောင်း သိရပါတယ်။ ပေါ်တူဂီအသင်းက အာမေးနီးယားအသင်းကို ၉ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တာကြောင့် အိုင်ယာလန်ကို သုံးမှတ်ဖြတ်ကာ ခြေစစ်ပွဲအောင်မြင်ခဲ့တာဖြစ်ပြီး နော်ဝေအသင်းက အီတလီအသင်းကို ၄ ဂိုး ၁ ဂိုးနဲ့ အနိုင်ရခဲ့တာကြောင့် ရမှတ် ၆ မှတ်ဖြတ်ပြီး ခြေစစ်ပွဲအောင်မြင်ခဲ့တာ ဖြစ်ပါတယ်။ ပေါ်တူဂီအသင်းက ကမ္ဘာ့ဖလားပြိုင်ပွဲကို (၇) ကြိမ်ဆက်တိုက် ယှဉ်ပြိုင်ခွင့်ရရှိတာဖြစ်ပြီး နော်ဝေအသင်း ကတော့ ၁၉၉၈ ကမ္ဘာ့ဖလားပြိုင်ပွဲနောက်ပိုင်း ပထမဆုံးအကြိမ် ယှဉ်ပြိုင်ခွင့် ရရှိခဲ့တာဖြစ်ပါတယ်။ လက်ရှိအချိန်မှာ ၂၀၂၆ ကမ္ဘာ့ဖလားယှဉ်ပြိုင်ခွင့်ရတဲ့အသင်း ၃၂ သင်း အဖြေပေါ်ခဲ့ပြီဖြစ်ပြီး ဥရောပဇုန်က ခြေစစ်ပွဲအောင်တဲ့ အသင်းကတော့ ၅ သင်းရှိလာခဲ့ပြီ ဖြစ်ပါတယ်။ (NVS 008)

17 Nov

ADVERTISE HERE .