“အမေရိကန်အနေဖြင့် ညီမျှပြီး မျှတမှုရှိသည့် နျူကလီးယားဆွေးနွေးပွဲအတွက် အသင့်မရှိဟုဆို”

17 Nov

အမေရိကန်နိုင်ငံအနေဖြင့် ညီမျှမှုနှင့်မျှတမှုရှိသည့် နျူကလီးယားဆွေးနွေးပွဲအတွက် အသင့်မရှိကြောင်း အီရန်အစိုးရက နိုဝင်ဘာလ ၁၆ ရက်တွင် ထုတ်ပြန်ထားသည်။ အမေရိကန်သမ္မတဒေါ်နယ်ထရမ့် က အီရန်နှင့် ဆွေးနွေးမှုများလုပ်ဆောင်နိုင်ခြေနှင့်ပတ်သက်၍ ထုတ်ဖော်ပြောပြီးနောက် အီရန်နိုင်ငံခြားရေးဝန်ကြီးက ယခု ကဲ့သို့ တုံ့ပြန်လာခြင်း ဖြစ်သည်။ အမေရိကန်နိုင်ငံအနေဖြင့် စစ်ပွဲတွင် မရရှိနိုင်သည့်အရာကို ဆွေးနွေးမှုပြုလုပ်ခြင်း မှတစ်ဆင့် ရရှိမည်ဟုမမျှော်လင့်နိုင်ကြောင်း၊ အီရန်နိုင်ငံသည် သံတမန်ရေးအရ ဆက်ဆံမှုပြုလုပ်ရန် အမြဲတမ်း အသင့်ရှိနေကြောင်း၊ သို့သော် ယင်းသို့အသင့်ရှိနေခြင်းသည် အမေရိကန်ပြောသမျှအရာအားလုံးကို လိုက်လျော မည်ဟု ဆိုလိုခြင်းမဟုတ်ကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီး အာဘတ်အာရက်ချီက ပြောသည်။ အစ္စရေးက အီရန်နိုင်ငံကို စတင်တိုက်ခိုက်မှုကြောင့် နှစ်နိုင်ငံကြားအပြန်အလှန် တိုက်ခိုက်မှုများ ဖြစ်ပေါ် နေစဉ် အမေရိကန်နိုင်ငံက အစ္စရေးဘက်မှကူညီကာ အီရန်နိုင်ငံ၏ နျူကလီးယားစက်ရုံများအပေါ် ဗုံးကြဲ တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့သည်။ ထို့ကြောင့် အီရန်နိုင်ငံနှင့်အမေရိကန်နိုင်ငံတို့ကြား နျူကလီးယားအရေး ပြန်လည်ဆွေးနွေးမှု ပျက်သွားရခြင်းဖြစ်ကြောင်း ST သတင်းဌာနဖော်ပြချက်အရ သိရသည်။

17 Nov

ADVERTISE HERE .