“ပြင်ဦးလွင် ပန်းပွဲတော် ကျင်းပမည်”
17 Nov
လာမည့်ဒီဇင်ဘာလတွင် (၁၈) ကြိမ်မြောက် အမျိုးသားကန်တော်ကြီးဥယျာဉ် (ပြင်ဦးလွင်)၏ ပန်းပွဲတော်ကို ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရပါတယ်။ အမျိုးသားကန်တော်ကြီးဥယျာဉ် (ပြင်ဦးလွင်)၏ (၁၈) ကြိမ်မြောက် ပန်းပွဲတော်ကို “IMMERSIVE FLOWERS FESTIVAL “အမည်ဖြင့် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၆ ရက်မှ ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၄ ရက်အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမှာ ဖြစ်ပါတယ်။ နှစ်စဉ်ကျင်းပလျက်ရှိတဲ့ ပန်းပွဲတော်ကို ယခုနှစ်မှာလည်း ယခင်နှစ်များနှင့် မတူညီတဲ့ ပန်းပြကွက်ပုံစံအမျိုးမျိုးကို ဖော်ထုတ်ပြသရန် ကြိုးစားပြင်ဆင်ထားကြောင်းလည်း သိရပါတယ်။ ဒါ့အပြင် ပွဲတော်ကာလအတွင်း နိုင်ငံကျော်တေးသံရှင်များ၏ သီဆိုဖျော်ဖြေမှုနှင့်အတူ နေ့စဉ်ဖျော်ဖြေ တင်ဆက်မှုများ၊ ဒေသထွက်ပစ္စည်းအရောင်းဆိုင်များ၊ စားသောက်ဆိုင်များအပြင် အခြားထူးခြားသော အစီအစဉ် များကို ပြုလုပ်သွားမှာဖြစ်တဲ့အတွက် လာရောက်လည်ပတ်ရန် ဖိတ်ခေါ်ထားပါတယ်။(NVS 004)