“မော်လမြိုင်သို့ လေယာဉ်ရထားပို့ဆောင်မှုကဏ္ဍများမြှင့်တင်ရန်ဆောင်ရွက်လျက်ရှိ”

17 Nov

မွန်ပြည်နယ်၊ မော်လမြိုင်သို့ လေယာဥ်၊ ရထားပို့ဆောင်မှုကဏ္ဍများမြှင့်တင်ရန်ဆောင်ရွက်လျက်ရှိကြောင်း နိုင်ငံတော်ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နိုဝင်ဘာလ ၁၆ ရက်နံနက်ပိုင်းက မွန်ပြည်နယ်ရှိ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့မိ/မြို့ဖများအားတွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများကို ဆွေးနွေးပြောကြားစဥ် ထည့်သွင်းပြောကြားခဲ့ပါတယ်။ မွန်ပြည်နယ်အတွင်း ပြည်တွင်း/ပြည်ပခရီးသွားများအားဆွဲဆောင်နိုင်တဲ့ နေရာများစွာရှိ၍ မိမိတို့မြို့ရွာ ပတ်ဝန်းကျင်များ သန့်ရှင်းသာယာလှပအောင် ဆောင်ရွက်ရန်လိုပြီး ရှေးဟောင်းသမိုင်းဝင် အဆောက်အအုံများစွာ ရှိသဖြင့် ပြန်လည်ပြုပြင်ထိန်းသိမ်းကာ ပြည်တွင်း/ပြည်ပခရီးသွားများ လာရောက်လေ့လာနိုင်ရေး ဆောင်ရွက်ရမည် ဟု ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် မော်လမြိုင်လေဆိပ်တိုးချဲ့နိုင်ရေး၊ ပြည်တွင်းလေကြောင်းလိုင်းများ မော်လမြိုင်လေဆိပ်သို့ ဆင်းသက်ပြေးဆွဲလျက်ရှိ၍ ထပ်မံတိုးချဲ့ပြေးဆွဲနိုင်ရေးကို စီမံဆောင်ရွက်လျက်ရှိကာ မီးရထားပို့ဆောင်မှုကဏ္ဍမြှင့် တင်နိုင်ရေးအတွက်လည်း ရထားလမ်းများအဆင့်မြှင့်တင်ခြင်းနှင့် ပြန်လည်ပြုပြင်ခြင်းများကို ဆောင်ရွက်လျက် ရှိတယ်လို့ ပြောကြားခဲ့ပါတယ်။ ထို့အတူ မော်လမြိုင်ကမ်းနားလမ်းတစ်လျှောက် ပြည်သူများလွတ်လပ်စွာ အပန်းဖြေအနားယူနိုင်ရေးအတွက် လူသွားလမ်းအဆင့်မြှင့်တင်ခြင်းနှင့် ကိုယ်လက်လှုပ်ရှားအားကစားပြုလုပ်နိုင်သည့်နေရာများကို တည်ဆောက်ပေး သွားမယ်လို့ ပြောကြားခဲ့ပါတယ်။ အခုလိုဆောင်ရွက်ပေးလျက်ရှိသော်လည်း အကြမ်းဖက်အဖွဲ့များ၏ မိုင်းထောင်ဖောက်ခွဲမှုကြောင့် ကုန်စည် စီးဆင်းမှုများ အနှောင့်အယှက်ဖြစ်ကာ နိုင်ငံတော်အစိုးရအနေဖြင့် အခြေခံအဆောက်အဦများ ဖြည့်ဆည်း တည်ဆောက်ပေးလျက်ရှိသော်လည်း အဖျက်သမားအချို့ကြောင့် တည်ဆောက်ပြီး လမ်း၊ တံတား၊ အဆောက်အဦ များ ပျက်စီးခဲ့ရမှုများရှိ၍ ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများဆောင်ရွက်နေရသဖြင့် လုပ်ငန်းများ ဆက်လက် အကောင်အထည်ဖော်ရန် နှောင့်နှေးနေရတယ်လို့ ပြောကြားခဲ့ပါတယ်။ (NVS 004)

17 Nov

ADVERTISE HERE .