သွင်းဂိုး ၄ဝဝ ပြည့်မြောက်သည့် အသက်ငယ်ဆုံး ကစားသမားအဖြစ် တိုက်စစ်မှူးအမ်ဘက်ပီ မှတ်တမ်းဝင်

16 Nov

တိုက်စစ်မှူး အမ်ဘက်ပီ ဟာ ယူကရိန်းအသင်းကို လေးဂိုး၊ ဂိုးမရှိဖြင့် အနိုင်ရသည့်ပွဲစဉ်တွင် သွင်းဂိုးနှစ်ဂိုး သွင်းယူနိုင်ခဲ့တာကြောင့် ကစားသမားဘဝ သွင်းဂိုး ၄၀၀ ပြည့်မြောက်သည့် အသက်ငယ်ဆုံး ကစားသမားဖြစ်လာခဲ့ ကြောင်း SI သတင်းဝက်ဘ်ဆိုက်က ဖော်ပြခဲ့ပါတယ်။ တိုက်စစ်မှူး အမ်ဘက်ပီ အနေနဲ့ ပရော်ဖက်ရှင်နယ် ကစားသမားဘဝကို မိုနာကိုအသင်းနှင့် စတင်ခဲ့ ပြီးနောက် မိုနာကိုအသင်းတွင် ပြိုင်ပွဲစုံ ပွဲ ၆၀ တွင် သွင်းဂိုး ၂၇ ဂိုး၊ ပီအက်စ်ဂျီအသင်းတွင် ပြိုင်ပွဲစုံ ၃၀၈ ပွဲ၌ သွင်းဂိုး ၂၅၆ ဂိုး၊ ရီးရဲလ်မက်ဒရစ်အသင်းနှင့်အတူ ပြိုင်ပွဲစုံ ၇၅ ပွဲတွင် သွင်းဂိုး ၆၂ ဂိုး၊ နိုင်ငံလက်ရွေးစင် ပြင်သစ်အသင်းနှင့်အတူ ပြိုင်ပွဲစုံ ၉၅ ပွဲတွင် သွင်းဂိုး ၅၅ ဂိုး သွင်းယူနိုင်ခဲ့ပြီး သွင်းဂိုး ၄၀၀ ပြည့်မြောက်ခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် အမ်ဘက်ပီ ဟာ ၂၁ ရာစုအတွင်း သွင်းဂိုး ၄၀၀ ကို အမြန်ဆုံးပြည့်မြောက်သည့် ကစားသမား ဖြစ်လာခဲ့ပြီး ၎င်းအနေဖြင့် အသက် ၂၆ နှစ် ၁၀ လ သုံးရက်ဖြင့် သွင်းဂိုး ၄၀၀ ပြည့်မြောက်ခဲ့ခြင်းဖြစ်ပါတယ်။ တိုက်စစ်မှူး မက်ဆီ က အသက် ၂၇ နှစ် သုံးလ သုံးရက်၊ တိုက်စစ်မှူး စီရော်နယ်ဒိုက အသက် ၂၈ နှစ် ၁၀ လ ၁၇ ရက်၊ တိုက်စစ်မှူး လီဝမ်ဒေါစကီးက အသက် ၃၀ နှစ် နှစ်လ ၁၇ ရက် ဖြင့် သွင်းဂိုး ၄၀၀ ပြည့်မြောက်ခဲ့ကြကြောင်း သိရပါတယ်။(NVS 008)

16 Nov

ADVERTISE HERE .