အောက်တိုဘာလအတွက် အင်္ဂလိပ်ချန်ပီယံရှစ် တစ်လတာအကောင်းဆုံးနည်းပြဆုကို ဖရန့်လမ်းပတ် ရရှိ
16 Nov
အင်္ဂလိပ်ချန်ပီယံရှစ်မှ လစဉ်လတိုင်း ပေးအပ်ချီးမြှင့်လျက်ရှိတဲ့ အောက်တိုဘာလအတွက် တစ်လတာ အကောင်းဆုံးနည်းပြဆုကို ကိုဗင်ထရီအသင်းနည်းပြ ဖရန့်လမ်းပတ် က ရရှိခဲ့ပါတယ်။ နည်းပြ ဖရန့်လမ်းပတ် က ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်း ကိုဗင်ထရီအသင်းနှင့်အတူ အင်္ဂလိပ်ချန်ပီယံရှစ် ၅ ပွဲလုံး နိုင်ပွဲရရှိအောင် စွမ်းဆောင်နိုင်ခဲ့ခြင်းကြောင့် ယခုဆုကို ရရှိခဲ့ခြင်းဖြစ်ပါတယ်။ နည်းပြ ဖရန့်လမ်းပတ် ဟာ ကိုဗင်ထရီအသင်းကို ၂ဝ၂၄ ခုနှစ် နိုဝင်ဘာလ ၂၈ ရက်က စတင်ကိုင်တွယ်ပြီး ပွဲစဉ် ၅ဝ တွင် ၂၇ ပွဲနိုင်၊ ၁ဝ ပွဲသရေ၊ ၁၃ ပွဲရှုံးရလဒ်ကို ပိုင်ဆိုင်ထားခဲ့ပါတယ်။ ဒါ့အပြင် ကိုဗင်ထရီအသင်းအနေနဲ့ နည်းပြ ဖရန့်လမ်းပတ် တာဝန်ယူစဉ် ရလဒ်ကောင်းများရရှိခဲ့ပြီး ယခုနှစ်ဘောလုံးရာသီ အင်္ဂလိပ်ချန်ပီယံရှစ်ပြိုင်ပွဲ ၁၅ပွဲ ကစားအပြီးတွင် ရမှတ် ၃၄ မှတ်ဖြင့် အမှတ်ပေးဇယား အဆင့် ၁ နေရာတွင် ရပ်တည်နိုင်ခဲ့ပါတယ်။(NVS 008)