ဆာလတ် ရဲ့နေရာမှာ အစားထိုးရန် အိုလီဆီ ကို စံချိန်တင်ပြောင်းရွှေ့ကြေးဖြင့်ခေါ်ယူရန် လီဗာပူးလ်အသင်း စီစဉ်

16 Nov

လီဗာပူးလ်အသင်းက အသင်းမှထွက်ခွာရန်ပြင်ဆင်နေတဲ့ တောင်ပံတိုက်စစ်ကစားသမား ဆာလတ် ရဲ့နေရာမှာ ဘိုင်ယန်မြူးနစ်အသင်းမှ တောင်ပံတိုက်စစ်ကစားသမား အိုလီဆီ နဲ့အစားထိုးရန် ဆုံးဖြတ်ခဲ့ကြောင်း Foot-ball365 သတင်းဝက်ဘ်ဆိုက်က ဖော်ပြခဲ့ပါတယ်။ လီဗာပူးလ်အသင်း နောက်ဆုံးကစားခဲ့တဲ့ မန်စီးတီးအသင်းနှင့်ပွဲစဉ်မှာ သုံးဂိုး၊ ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့ပြီး လက်ရှိရာသီအမှတ်ပေးပြိုင်ပွဲမှာ ငါးပွဲအထိ ရှုံးပွဲကြုံတွေ့ခဲ့လို့ တိုက်စစ်ပိုင်းအတွက် အိုလီဆီ ကို ပရီးမီးယားလိဂ် စံချိန်တင်ပြောင်းရွှေ့ကြေး ယူရို သန်း ၂၀၀ ဖြင့် ခေါ်ယူရန်စီစဉ်ခဲ့ခြင်းဖြစ်ပါတယ်။ ဆာလတ် က လီဗာပူးလ်အသင်းတိုက်စစ်ကို အဓိကဦးဆောင်နေတဲ့ ကစားသမားတစ်ဦးဖြစ်သော်လည်း ယခုရာသီမှာ ပြိုင်ပွဲစုံ ၁၆ ပွဲကစားပြီး သွင်းဂိုးငါးဂိုးသာ သွင်းယူနိုင်ခဲ့တာကြောင့် ပုံစံကောင်းပျောက်ဆုံးလာပြီး အသင်း တာဝန်ရှိသူများက ဆာလတ် ရဲ့နေရာမှာ ဘိုင်ယန်မြူးနစ် တောင်ပံတိုက်စစ်ကစားသမား အိုလီဆီ ကို စံချိန်တင် ပြောင်းရွှေ့ကြေးဖြင့်ခေါ်ယူ၍ အသင်းတိုက်စစ်ပိုင်းကို ပြန်လည်တည်ဆောက်ဖို့ ပြင်ဆင်နေတာဖြစ်ပါတယ်။(NVS 008)

16 Nov

ADVERTISE HERE .