တိုက်စစ်မှူး အမ်ဘက်ပီ ကို ရီးရဲလ်မက်ဒရစ်သို့ ပြန်လည်စေလွှတ်ခဲ့ကြောင်း ပြင်သစ်ဘောလုံးအဖွဲ့ချုပ် ထုတ်ပြန်

16 Nov

ယူကရိန်းအသင်းနှင့် ကစားခဲ့သည့် ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်တွင် ရရှိခဲ့သည့် ခြေချင်းဝတ်ဒဏ်ရာကြောင့် ပြင်သစ်အသင်း လူစာရင်းမှပယ်ဖျက်၍ ရီးရဲလ်မက်ဒရစ်အသင်းသို့ တိုက်စစ်မှူး အမ်ဘက်ပီ ကို ပြန်လည်စေလွှတ်ခဲ့ ကြောင်း Espn သတင်းဌာနက ဖော်ပြခဲ့ပါတယ်။ အသက် ၂၆ နှစ်ရှိ တိုက်စစ်မှူး အမ်ဘက်ပီ ဟာ ယူကရိန်းအသင်းနှင့်ပွဲစဉ်တွင် အသင်းအတွက် သွင်းဂိုးနှစ်ဂိုးသွင်းယူ၍ အသင်းကို လေးဂိုး၊ ဂိုးမရှိဖြင့် အနိုင်ရရှိအောင် စွမ်းဆောင်နိုင်ခဲ့သော်လည်း ခြေချင်းဝတ် ဒဏ်ရာ ရရှိခဲ့သောကြောင့် စကန်ဖတ်စစ်ဆေးမှု ပြုလုပ်ခဲ့ရာ အနားယူရန်လိုအပ်နေခဲ့လို့ ရီးရဲလ်မက်ဒရစ်အသင်းသို့ ပြန်လည်စေလွှတ်ခဲ့ခြင်းဖြစ်ပါတယ်။ ထို့ပြင် ရီးရဲလ်မက်ဒရစ်အသင်းမှ ကွင်းလယ်ကစားသမား ကာမာဗင်ဂါ သည်လည်း ပြင်သစ်အသင်းနှင့် ပြုလုပ်သည့် လေ့ကျင့်ရေးအစီအစဉ်တွင် ကြွက်သားဒဏ်ရာရရှိခဲ့လို့ အသင်းမှ စောစီးစွာထွက်ခွာခဲ့ရပါတယ်။ ရီးရဲလ်မက်ဒရစ်အသင်းအနေနဲ့ နိုင်ငံတကာပြိုင်ပွဲကာလ ပြီးဆုံးချိန် နိုဝင်ဘာလ ၂၃ ရက်တွင် အယ်ချီအသင်း၊ ၂၆ ရက် တွင် အိုလံပီယာကို့စ်အသင်းတို့နဲ့ ကစားရမှာဖြစ်ပါတယ်။ (NVS 008)

16 Nov

ADVERTISE HERE .