အယ်ဗာရက်ဇ် ရဲ့ ပြောင်းရွှေ့ကြေးကို စတာလင်ပေါင် ၁၃၂ သန်းအဖြစ် အက်သလက်တီကိုမက်ဒရစ်အသင်း သတ်မှတ်

16 Nov

အက်သလက်တီကိုမက်ဒရစ်အသင်းက အသင်းတိုက်စစ်မှူး အယ်လ်ဗာရက်ဇ် ရဲ့ ပြောင်းရွှေ့ကြေးအား စတာလင်ပေါင် ၁၃၂ သန်းအဖြစ် သတ်မှတ်လိုက်ပြီဖြစ်ပါတယ်။ အသက် ၂၅ နှစ်အရွယ် တိုက်စစ်မှူး အယ်လ်ဗာရက်ဇ် ကို လက်ရှိအချိန်တွင် ချဲလ်ဆီးအသင်းက ခေါ်ယူရန် စိတ်ဝင်စားလျက်ရှိပါတယ်။ တိုက်စစ်မှူး အယ်လ်ဗာရက်ဇ် ဟာ အက်သလက်တီကိုမက်ဒရစ်အသင်းနှင့်အတူ ၂ဝ၂၄-၂၀၂၅ မှ လက်ရှိ ဘောလုံးရာသီအထိ ပြိုင်ပွဲစုံ ၇၂ ပွဲကစားပြီး ၃၈ ဂိုးထိသွင်းယူကာ ခြေစွမ်းပြထားနိုင်ခဲ့ပါတယ်။ ဒါကြောင့် ချဲလ်ဆီးအသင်းအနေဖြင့် အက်သလက်တီကိုမက်ဒရစ်အသင်း သတ်မှတ်ထားသည့် ပြောင်းရွှေ့ကြေးအတိုင်း အယ်လ်ဗာရက်ဇ် အား ခေါ်ယူနိုင်မလားဆိုတာ စောင့်ကြည့်ရမှာဖြစ်ပါတယ်။(NVS 008)

16 Nov

ADVERTISE HERE .