မန္တလေး မြို့မအပျော်တမ်းတူရိယာအသင်းကြီး ရာပြည့်အထိမ်းအမှတ်အဖြစ် မြို့မသီချင်းများဖြင့် သီချင်းဆိုပြိုင်ပွဲကျင်းပမည်

16 Nov

မန္တလေး မြို့မအပျော်တမ်းတူရိယာအသင်းကြီး ရာပြည့်အထိမ်းအမှတ်အဖြစ် မြို့မသီချင်းများဖြင့် သီချင်းဆို ပြိုင်ပွဲ ကျင်းပသွားမည်ဖြစ်ကြောင်း မြို့မအပျော်တမ်းတူရိယာအသင်းကြီး ဥက္ကဋ္ဌ ဒေါက်တာ လှခိုင် ထံမှ သိရပါတယ်။ အဆိုပါ မြို့မတူရိယာအသင်းကြီး၏ ရာပြည့်အထိမ်းအမှတ်အဖြစ် ကျင်းပမည့် နှစ် ၁၀၀ ပြည့် ပွဲတော်ကို နိုဝင်ဘာလ ၂၇ ရက်တွင် မန္တလေးမြို့ရှိ ရတနာပုံခန်းမ၌ ကျင်းပမည်ဖြစ်ပြီး နှစ်(၁၀၀)ပြည့် အကြိုအထိမ်းအမှတ် မဂ္ဂဇင်းထုတ်ဝေခြင်း၊ နိုင်ငံကျော်အနုပညာရှင်များနှင့် မြို့မတူရိယာ ပင်တိုင်အဆိုရှင်များပူးပေါင်း၍ အမှတ်တရ တေးသီချင်းများ အခမဲ့ထုတ်ဝေခြင်း၊ မြို့မတေးသီချင်း အဆိုပြိုင်ပွဲများနှင့် နှစ်(၁၀၀)ပြည့်အထိမ်းအမှတ် မဂ္ဂဇင်း ထုတ်ဝေခြင်းများကို နိုဝင်ဘာလလယ်တွင် ပြုလုပ်နိုင်ရန် စီစဉ်လျက်ရှိပါတယ်။ မြို့မအသင်းရဲ့ ဗဟုသုတပြည့်ဝသူ ဂီတဆရာကြီးတွေပြုစုထားတဲ့ သီချင်းတွေနဲ့ သီချင်းဆိုပြိုင်ပွဲကို ကျင်းပသွားမှာဖြစ်ပြီး ပထမဆုကို ငွေကျပ် ၁၀ သန်း၊ ဒုတိယဆုကို ငွေကျပ် ငါးသန်း၊ တတိယဆုကို ငွေကျပ် ၂ ဒသမ ၅ သန်း ချီးမြှင့်မှာဖြစ်ပြီး နှစ်သိမ့်ဆု ခုနစ်ဆုကိုပါ ထပ်မံချီးမြှင့်သွားမှာ ဖြစ်ပါတယ်။ အဆိုပြိုင်ပွဲမှာ ရန်ကုန်က ဂီတသမားတွေနဲ့အတူ မြို့မအပျော်တမ်းတူရိယာအသင်းအဖွဲ့ဝင်တွေက ပါဝင်ဖျော်ဖြေကြမှာဖြစ်ပါတယ်။ မန္တလေး မြို့မအပျော်တမ်းတူရိယာအသင်းကြီးကို ၁၉၂၅ ခုနှစ်တွင် အလင်္ကာကျော်စွာ ဆရာ မြို့မငြိမ်း ၏ ဦးဆောင်မှုဖြင့် တည်ထောင်ခဲ့ခြင်းဖြစ်ပြီး ၁၉၂၈ ခုနှစ်တွင် ဦးတော်လုံး၊ ဦးကျော်ညွန့်(မြို့မညွန့်)၊ ဦးကြီးငွေ၊ ဦးသန့်စင်၊ ဦးယဉ်ကလေး တို့အပါအဝင် ဓားတန်း ဦးသန့် ၏အိမ်ဝင်းအတွင်း မြို့မအပျော်တမ်းတူရိယာအသင်းကြီးကို ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။(NVS 004)

16 Nov

ADVERTISE HERE .