နိုင်ငံတော်ယာယီသမ္မတ မော်လမြိုင်မြို့ကျက်သရေဆောင် ကျိုက်သလ္လံစေတီတော်မြတ်ကြီးအား ဖူးမြော်

16 Nov

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် သည် ခရီးစဉ်တွင် လိုက်ပါလာသည့် အဖွဲ့ဝင်များနှင့်အတူ နိုဝင်ဘာလ ၁၅ ရက် ညနေပိုင်းတွင် မွန်ပြည်နယ် မော်လမြိုင်မြို့ကျက်သရေဆောင် ကျိုက်သလ္လံစေတီတော်မြတ်ကြီးသို့ သွားရောက် ဖူးမြော်ကြည်ညိုခဲ့ပါတယ်။ ဦးစွာ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ အား ဂေါပကအဖွဲ့ဝင်များက ကြိုဆိုနှုတ်ဆက်ပြီးနောက် စေတီတော်မြတ်ကြီးအား လက်ယာရစ်လှည့်လည်ဖူးမြော် ကြည်ညို၍ မော်လမြိုင်မြို့ ညနေနေဝင်ချိန်ရှုခင်းကို ကြည့်ရှုခဲ့ကြပါတယ်။ ထို့နောက် စေတီတော်မြတ်ကြီးရှိ ဗုဒ္ဓရုပ်ပွားတော်မြတ်အား ဖူးမြော်ကြည်ညိုကာ ပန်း၊ ရေချမ်း၊ ဆီမီးများ ကပ်လှူပူဇော်ပြီး အလှူငွေများ ပေးအပ်လှူဒါန်းရာ ဂေါပကအဖွဲ့က လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည် ပေးအပ်ခဲ့ပါတယ်။ ညနေပိုင်းတွင် နိုင်ငံတော်ယာယီသမ္မတနှင့်အဖွဲ့ဝင်များက မော်လမြိုင်ကမ်းနားလမ်းသို့ ရောက်ရှိပြီး ကမ်းနားလမ်းရှိ ညဈေးတန်း၌ ဒေသရိုးရာအစားအသောက်များ၊ ဈေးဆိုင်ခန်းများ ဖွင့်လှစ်ရောင်းချနေမှုများကို လိုက်လံကြည့်ရှုပြီး ဈေးရောင်းချနေသူများနှင့် လာရောက်စားသုံးကြသည့် ပြည်သူလူထုများကို ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြပါတယ်။ နိုင်ငံတော်ယာယီသမ္မတက ကမ်းနားလမ်း မြစ်ကမ်းဘက်ခြမ်း၌ အားကစားပြုလုပ်ရန်နှင့် အပန်းဖြေရန် နေရာများ ပြုလုပ်သွားရန်နှင့် လမ်းအဆင့်မြှင့်တင်ဆောင် ရွက်သွားနိုင်မည့် အခြေအနေများ၊ ကမ်းနားလမ်းတစ်လျှောက် သန့်ရှင်းသာယာလှပရေး ဆောင်ရွက်သွားရန် လိုအပ်သည့်အခြေအနေများနှင့်ပတ်သက်၍ တာဝန်ရှိသူ များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရပါတယ်။(NVS 004)

16 Nov

ADVERTISE HERE .