အိုကီနာဝါဒေသက စစ်မြေပြင်အဖြစ် ထပ်မံဖြစ်ပေါ်လာမည်ကို နယ်မြေခံများစိုးရိမ်

16 Nov

ဂျပန်အစိုးရအနေဖြင့် အိုကီနာဝါဒေသနှင့် နိုင်ငံအနောက်တောင်ပိုင်းရှိ ကျွန်းစုတို့၌ စစ်အင်အားတိုးချဲ့မှုများ လုပ်ဆောင်လာနေသောကြောင့် အိုကီနာဝါဒေသသည် စစ်မြေပြင်အဖြစ် နောက်တစ်ကြိမ်ထပ်မံ ဖြစ်ပေါ်လာမည်ကို နယ်မြေခံများက စိုးရိမ်နေကြောင်းသိရသည်။ ဒုတိယကမ္ဘာစစ်အတွင်းက အိုကီနာဝါဒေသသည် ခါးသီးလှသောစစ်ပွဲများကို ရင်ဆိုင်ကြုံတွေ့ထားသည့် အတွက် ဒေသခံများက ယင်းဒေသတွင် နောက်တစ်ကြိမ်စစ်မြေပြင်အဖြစ် ပြန်လည်ရောက်ရှိလာမည်ကို စိုးရိမ် နေခြင်းဖြစ်သည်။ အိုကီနာဝါဒေသမှ အခြေစိုက်စစ်စခန်းတည်ဆောက်ရေး ဆန့်ကျင်သူများ၊ စစ်ပွဲဆန့်ကျင်သူများသည် တိုကျိုမြို့၌တွေ့ဆုံ၍ ဆွေးနွေးမှုများလုပ်ဆောင်စဉ် ၎င်းတို့၏စိုးရိမ်မှုများကို ထုတ်ဖော်ပြောဆိုခဲ့ခြင်းဖြစ်သည်။ ဂျပန်ဝန်ကြီးချုပ်အသစ်ဖြစ်သော ဆာနာအီတာကာအီချီ ၏ ထိုင်ဝမ်ကျွန်းအရေးသည် ဂျပန်ပြည်သူများ၏ အသက်ရှင်သန်ရေးကို ခြိမ်းခြောက်နေသည်ဟူသော ရှုမြင်မှုသည် ယုတ္တိမရှိကြောင်း၊ တကယ်တမ်းတွင် ဂျပန်နိုင်ငံ အနောက်ပိုင်းတစ်ခုလုံးက စစ်စခန်းကြီးတစ်ခုလုံးကဲ့သို့ ဖြစ်လာနေသည်ကို ရပ်တန့်ရန်သာဖြစ်ကြောင်း ဒေသခံ များက ပြောထားသည်ဟုသိရသည်။

16 Nov

ADVERTISE HERE .