စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်ဈေး ယခင်တစ်ပတ်ထက် အနည်းငယ်ကျဆင်း
15 Nov
နိုဝင်ဘာလ ၁၄ ရက်မှ ၂၀ ရက်အထိ တစ်ပတ်တာကာလအတွင်း ရောင်းချရမည့် စားအုန်းဆီရန်ကုန်အထိုင် အခြေခံလက်ကားရည်ညွှန်ဈေးမှာ တစ်ပိဿာလျှင် ငွေကျပ် ၆,၃၅၅ ဖြစ်ကြောင်း စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးရေးလုပ်ငန်းကြီးကြပ်ရေးကော်မတီက ထုတ်ပြန်ခဲ့ပါတယ်။ ပြီးခဲ့သည့်တစ်ပတ်တာအတွင်း တစ်ပိဿာနှုန်းမှာ ငွေကျပ် ၆,၄၁၀ သတ်မှတ်ခဲ့ပြီး ယခုတစ်ပတ်အတွက် စားအုန်းဆီဈေးမှာ ယခင်တစ်ပတ်ထက် ၅၅ ကျပ် ကျဆင်းခဲ့တာဖြစ်ပါတယ်။ အောက်တိုဘာလတွင်း အခြေခံဈေးမှာ တစ်ပိဿာဈေးနှုန်းမှာ ငွေကျပ် ၆,၅၈၅ သတ်မှတ်ထားခဲ့ပြီး နိုဝင်ဘာလပထမအပတ်မှစ၍ ဈေးအနည်းငယ်ကျဆင်းလာခဲ့ကာ ပထမပတ်မှာ ငွေကျပ် ၆,၄၀၀၊ ဒုတိယပတ်မှာ ငွေကျပ် ၆,၄၁၀ အဖြစ် သတ်မှတ်ထားရှိခဲ့ပါတယ်။ စားအုန်းဆီများကို ဈေးကွက်အတွင်း ထုတ်ပြန်ကြေညာထားသည့် စျေးနှုန်းထက် ဈေးနှုန်းမြှင့်တင် ရောင်းချခြင်း၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းအပါအဝင် မသမာသည့်လုပ်ဆောင်မှုများပြုလုပ်ပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း စားသုံးသူရေးရာဦးစီးဌာနမှ အသိပေးထားရှိပါတယ်။(NVS 004)