မန်စီးတီးအသင်းနဲ့ လမ်းခွဲပြီးနောက် နည်းပြအလုပ်မှ ခေတ္တအနားယူမယ်လို့ ပြောခဲ့တဲ့ ဂွါဒီယိုလာ

14 Nov

မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာ က အသင်းနှင့်လမ်းခွဲပြီးနောက် နည်းပြအလုပ်မှ ခေတ္တအနားယူမည် ဖြစ်ကြောင်း အတည်ပြုပြောကြားခဲ့ပါတယ်။ ဂွါဒီယိုလာ အနေနဲ့ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလမှာ မန်စီးတီးအသင်းနဲ့ နှစ်နှစ်သက်တမ်းတိုးစာချုပ် ချုပ်ဆိုထားပြီး ၂၀၂၇ ခုနှစ် နွေရာသီအထိ အသင်း၌ ဆက်ရှိနေမှာဖြစ်ပါတယ်။ စာချုပ်သက်တမ်းကုန်ဆုံးမည့် ၂၀၂၇ ခုနှစ်အထိ ဆက်လက်ကိုင်တွယ်ပါက ဂွါဒီယိုလာ ဟာ မန်စီးတီး အသင်း၌ ၁၁ နှစ်ကြာအထိ ရှိနေမှာဖြစ်ပြီး နည်းပြသက်တမ်းတစ်လျှောက် အချိန်အကြာဆုံးကိုင်တွယ်သည့် အသင်း လည်းအဖြစ် မှတ်တမ်းဝင်မှာဖြစ်ပါတယ်။ ဂွါဒီယိုလာ ဟာ မန်စီးတီးအသင်းကို ၂၀၁၆ ခုနှစ် ဇူလိုင်မှစ၍ တာဝန်ယူကိုင်တွယ်ခဲ့ပြီး ကိုးနှစ်အတွင်း ပရီးမီးယားလိဂ် ချန်ပီယံခြောက်ကြိမ်၊ အက်ဖ်အေဖလားနှစ်ကြိမ်၊ လိဂ်ဖလားလေးကြိမ်၊ ကွန်မြူနတီဒိုင်းသုံးကြိမ်၊ ချန်ပီယံလိဂ်၊ ဥရောပစူပါဖလားနဲ့ ကလပ်ကမ္ဘာ့ဖလားတို့ကို တစ်ကြိမ်စီရရှိအောင် စွမ်းဆောင်ထားနိုင်ခဲ့တာ ဖြစ်ပါတယ်။(NVS 008)

14 Nov

ADVERTISE HERE .