အယ်လ်ဟီလာအသင်းက ဘာစီလိုနာကစားသမား ရာဖင်ဟာ ကို ခေါ်ယူရန်စီစဉ်

14 Nov

ဆော်ဒီကလပ် အယ်လ်ဟီလာအသင်းက ဘာစီလိုနာတိုက်စစ်ကစားသမား ရာဖင်ဟာ ကို ခေါ်ယူရန် စီစဉ်လျက်ရှိကြောင်း သိရပါတယ်။ အယ်လ်ဟီလာအသင်းက နေမာ ကို လက်လွှတ်ခဲ့ရပြီးနောက် လီဗာပူးလ်တိုက်စစ်ကစားသမား ဆာလာ နဲ့ ရီးရဲလ်တိုက်စစ်ကစားသမား ဗင်နီစီးယပ်စ် တို့ကိုခေါ်ယူရန် ကြိုးပမ်းနေခဲ့တာဖြစ်ပါတယ်။ သို့သော် ဆာလာ က လီဗာပူးလ်အသင်းနဲ့ နှစ်နှစ်သက်တမ်းတိုးခဲ့သလို ဗင်နီစီးယပ်စ် ကလည်း ရီးရဲလ်အသင်းနဲ့ စာချုပ်သက်တမ်းတိုးရန် ဆုံးဖြတ်ထားတာဖြစ်ပါတယ်။ ဒါကြောင့် အယ်လ်ဟီလာအသင်းက ဘာစီလိုနာအသင်းမှာ ခြေစွမ်းပြနေတဲ့ ရာဖင်ဟာ ကိုခေါ်ယူရန် စီစဉ်လာခြင်းဖြစ်ပါတယ်။ ရာဖင်ဟာ အတွက် တစ်နှစ်လစာယူရိုသန်း ၅၀ နဲ့ လေးနှစ်စာချုပ်အတွက် ယူရိုသန်း၂၀၀ အပြင် ပြောင်းရွှေ့ကြေး ယူရိုသန်း ၁၀၀ ပေးချေရန် စီစဉ်ထားကြောင်း သိရပါတယ်။(NVS 008)

14 Nov

ADVERTISE HERE .