နော်တင်ဟမ်အသင်းက အန်ဒါဆန် အတွက် ပြောင်းရွှေ့ကြေးကို စတာလင်ပေါင် သန်း ၁၂၀ သတ်မှတ်

14 Nov

နော်တင်ဟမ်အသင်းက အသင်းမှာ အကောင်းဆုံးခြေစွမ်းပြသလျက်ရှိပြီး လာမည့် ၂၀၂၆ ဇန်နဝါရီ ကစားသမားအပြောင်းအရွှေ့ကာလတွင် ပရီးမီးယားလိဂ်ထိပ်တန်းကလပ်အသင်းများက ခေါ်ယူရန် ပစ်မှတ်ထား နေတဲ့ အန်ဒါဆန် အတွက် ပြောင်းရွှေ့ကြေးကို စတာလင်ပေါင် သန်း ၁၂၀ ထိသတ်မှတ်ခဲ့ကြောင်း Goal.com သတင်းဝက်ဘ်ဆိုက်က ဖော်ပြခဲ့ပါတယ်။ အသက် ၂၃ နှစ်အရွယ် အန်ဒါဆန် ဟာ ပြီးခဲ့တဲ့ ၂၀၂၄ နွေရာသီ ကစားသမားအပြောင်းအရွှေ့ကာလမှာ နယူးကာဆယ်အသင်းမှ နော်တင်ဟမ်အသင်းသို့ ပြောင်းရွှေ့ကစားခဲ့သူဖြစ်ပြီး အသင်းနှင့်အတူ ပထမဆုံး ဘောလုံး ရာသီမှာပင် အကောင်းဆုံးခြေစွမ်းပြသနိုင်ခဲ့သူဖြစ်ပါတယ်။ ယခုနှစ် ဘောလုံးရာသီမှာ နော်တင်ဟမ်အသင်းအနေနဲ့ ရုန်းကန်နေရသော်လည်း အန်ဒါဆန် က အသင်းနှင့်အတူ ပုံစံကောင်းများကို ပြသနေခဲ့လို့ ပရီးမီးယားလိဂ်ထိပ်တန်း ကလပ်အသင်းများက ခေါ်ယူလိုနေခြင်းဖြစ်ပါတယ်။ မန်ချက်စတာမြို့ခံပြိုင်ဘက် အသင်းနှစ်သင်းဖြစ်တဲ့ မန်စီးတီးနဲ့ မန်ယူအသင်းတို့က လိုအပ်ချက်များရှိနေတဲ့ အသင်းကွင်းလယ်ပိုင်းအတွက် ၂၀၂၆ ဇန်နဝါရီ အပြောင်းအရွှေ့ကာလတွင် အန်ဒါဆန် ကိုခေါ်ယူရန် အပြိုင်ကြိုးပမ်း လာဖွယ်ရှိနေခဲ့လို့ နော်တင်ဟမ်အသင်းက ပြောင်းရွှေ့ကြေးကို စတာလင်ပေါင် သန်း ၁၂၀ အထိ သတ်မှတ်ခဲ့ခြင်း ဖြစ်ပါတယ်။(NVS 008)

14 Nov

ADVERTISE HERE .