အင်္ဂလန်အသင်းမှာ ပုံမှန်ပွဲထွက်ခွင့်ရရှိရန် ဘယ်လင်ဟမ် ရုန်းကန်ရမယ်လို့ပြောခဲ့တဲ့ နည်းပြ တူချယ်
14 Nov
အောက်တိုဘာလအတွင်းကစားရမည့် ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်များတွင် အင်္ဂလန်အသင်းလူစာရင်းမှာ ကွင်းလယ်ကစားသမား ဘယ်လင်ဟမ် ပါဝင်လာခဲ့ပေမယ့် ၎င်းအနေနဲ့ ကလပ်အသင်းမှာ ပုံစံကောင်းပျောက်ဆုံး နေခဲ့လို့ ဦးစားပေးပွဲထွက်ခွင့်အတွက် မော်ဂန်ရော်ဂျာ နဲ့ ယှဉ်ပြိုင်ရမယ်လို့ နည်းပြ တူချယ် က ထုတ်ဖော်ပြောကြား ခဲ့ကြောင်း Fotmob သတင်းဝက်ဘ်ဆိုက်က ဖော်ပြခဲ့ပါတယ်။ အသက် ၂၂ နှစ်အရွယ် ကွင်းလယ်ကစားသမား ဘယ်လင်ဟမ် ဟာ ပြီးခဲ့သည့်လပိုင်းက ပခုံးခွဲစိတ်ကုသမှုမှ သက်သာလာခဲ့ပြီးနောက် ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်များအတွက် ရွေးချယ်ခံရသော်လည်း နည်းပြ တူချယ် က ကြံ့ခိုင်မှု အားနည်းနေခဲ့လို့ ၎င်းနေရာတွင် မော်ဂန်ရော်ဂျာ နဲ့အစားထိုးခဲ့ရာ ရော်ဂျာ က သွင်းဂိုးနှင့်ဖန်တီးမှုများ ပြုလုပ်နိုင်ခဲ့လို့ နည်းပြ တူချယ် ရဲ့ ယုံကြည်မှုကို ရရှိခဲ့ခြင်းဖြစ်ပါတယ်။ နည်းပြ တူချယ် က ရော်ဂျာ နဲ့ ဘယ်လင်ဟမ် တို့က ကွင်းလယ်တိုက်စစ်ပိုင်းမှာ အကောင်းဆုံးကစားသမား တွေဖြစ်ပြီး ကစားကွက်ပိုင်းမှာ သူ့နေရာနဲ့သူ ထူးချွန်သူကိုသာ ဦးစားပေးရွေးချယ်တာဖြစ်ကြောင်း အင်္ဂလန်မီဒီယာ များနှင့် တွေ့ဆုံပွဲတွင် ပြောကြားခဲ့ပါတယ်။(NVS 008)