ဘရူနိုဖာနန်ဒက်စ် အား အယ်လ်ဟီလာအသင်းထံသို့ ရောင်းချရန် တိုက်တွန်းခဲ့တဲ့ ပေါလ်စခိုးလ်

14 Nov

မန်ယူအသင်းဂန္ထဝင်ကစားသမားဟောင်း ပေါလ်စခိုးလ် က မန်ယူအသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ် ကို အယ်လ်ဟီလာအသင်းထံသို့ ရောင်းချရန် တိုက်တွန်းပြောကြားခဲ့ပါတယ်။ ဆော်ဒီကလပ် အယ်လ်ဟီလာအသင်းက ဘရူနိုဖာနန်ဒက်စ် ကို ပေါင်သန်း ၁၀၀ ဖြင့် ခေါ်ယူရန်စီစဉ်နေပြီး အသက် ၃၀ အရွယ် ဘရူနိုဖာနန်ဒက်စ် ကိုယ်တိုင်ကလည်း လစာများစွာရရှိမည့် အယ်လ်ဟီလာအသင်းထံသို့ ပြောင်းရွှေ့ရန်ဆန္ဒရှိနေကြောင်း သတင်းထွက်ပေါ်လျက်ရှိပါတယ်။ ပေါလ်စခိုးလ် က ဘရူနိုဖာနန်ဒက်စ်ကို ပေါင်သန်း ၁၀၀ ဖြင့် ရောင်းချသင့်ကြောင်း၊ သူ့အနေနဲ့ မန်ယူအသင်း အတွက် ကောင်းမွန်တဲ့ကစားသမားဖြစ်ပေမယ့် လက်ရှိနည်းပြ အာမိုရင်မ် ရဲ့နည်းစနစ်နဲ့ ကိုက်ညီမှုမရှိကြောင်း ပြောကြားခဲ့ပါတယ်။ ဘရူနိုဖာနန်ဒက်စ် ဟာ မန်ယူအသင်းအတွက် ငါးနှစ်ခွဲကျော်ကာလအတွင်း ပြိုင်ပွဲစုံ ၃ဝ၂ ပွဲတွင် ဂိုး ၁၀၀ သွင်းယူပေးထားပြီး ဂိုးဖန်တီးမှု ၉၁ ကြိမ် ပြုလုပ်ပေးထားနိုင်ခဲ့ပါတယ်။(NVS 008)

14 Nov

ADVERTISE HERE .