လိုင်ယွန်အသင်းက ရီးရဲလ်မက်ဒရစ်အသင်းမှ အင်းဒရစ်ကို အငှားစာချုပ်ဖြင့်ခေါ်ယူရန် သဘောတူညီမှုရရှိ

14 Nov

လိုင်ယွန်အသင်းက ရီးရဲလ်မက်ဒရစ်အသင်းမှ လူငယ်တိုက်စစ်ကစားသမား အင်းဒရစ် ကို လာမည့်ဇန်နဝါရီ ကစားသမားအပြောင်းအရွှေ့ကာလတွင် ရာသီဝက်အငှားစာချုပ်ဖြင့် ခေါ်ယူရန် သဘောတူညီမှုရရှိခဲ့ကြောင်း သိရပါတယ်။ အသက် ၁၉ နှစ်အရွယ် အင်းဒရစ် အနေနဲ့ ၂၀၂၄ ခုနှစ်မှာ ပါမီးယက်စ်အသင်းမှ ရီးရဲလ်မက်ဒရစ်အသင်းသို့ ပြောင်းရွှေ့ကစားခဲ့သူဖြစ်ပြီး ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ နည်းပြဟောင်း အန်ဆယ်လော့တီ လက်အောက်တွင် ၃၇ ပွဲထိ ပါဝင် ကစားခွင့်ရရှိခဲ့ပါတယ်။ လက်ရှိဘောလုံးရာသီတွင် နည်းပြသစ် အလွန်ဆို လက်အောက်၌ ပွဲကစားခွင့် နည်းပါကာ တစ်ပွဲသာ ပါဝင်ကစားခွင့် ရရှိထားတဲ့အတွက် အသင်းမှထွက်ခွာရန် ဆုံးဖြတ်ခဲ့ပါတယ်။ လိုင်ယွန်အသင်းက အင်းဒရစ် နဲ့ သဘောတူညီမှု ရရှိခဲ့ပြီးနောက် ရီးရဲလ်မက်ဒရစ်အသင်းနှင့် ဆက်လက် ဆွေးနွေးမှုများ လုပ်ဆောင်ခဲ့ရာ လာမည့်ဇန်နဝါရီ အပြောင်းအရွှေ့ကာလတွင် အငှားစာချုပ်ဖြင့် ကလပ်အသင်း နှစ်သင်းကြား သဘောတူညီမှုရရှိခဲ့ပြီး အငှားစာချုပ်သက်တမ်း ကုန်ဆုံးပါက အပြီးသတ်ခေါ်ယူခွင့်ကိုပါ သဘော တူညီမှုရရှိခဲ့ခြင်းဖြစ်ပါတယ်။(NVS 008)

14 Nov

ADVERTISE HERE .