ချာဟာနိုဂလူး ကိုရောင်းချရန် အင်တာမီလန်အသင်း စီစဉ်

14 Nov

အင်တာမီလန်အသင်းက ဝါရင့်ကွင်းလယ်ကစားသမား ချာဟာနိုဂလူး ကို ယူရိုသန်း ၄၀ ဖြင့် ရောင်းချရန် စီစဉ်နေကြောင်း သိရပါတယ်။ အသက် ၃၁ နှစ်အရွယ် တူရကီလက်ရွေးစင် ကွင်းလယ်ကစားသမား ချာဟာနိုဂလူး ကိုခေါ်ယူရန် ဆော်ဒီကလပ်များနဲ့ တူရကီကလပ် ဂါလာတာစာရေးအသင်းတို့က စိတ်ဝင်စားနေကြတာဖြစ်ပါတယ်။ ချာဟာနိုဂလူး ဟာ အင်တာမီလန်အသင်းရဲ့ အဓိကကစားသမားအဖြစ် ရှိနေဆဲဖြစ်ပေမယ့် အသက်အရွယ် ရလာပြီဖြစ်ပြီး ကြံ့ခိုင်မှုအနေအထားကို စိုးရိမ်ရတာကြောင့် အင်တာမီလန်အသင်းက ထိုက်တန်တဲ့ပြောင်းရွှေ့ကြေး ရရှိပါက ရောင်းထုတ်ဖို့စီစဉ်လာခြင်းဖြစ်ပါတယ်။ အင်တာမီလန်အသင်းက စာချုပ်သက်တမ်း ၂ နှစ်ကျန်ရှိနေသေးတဲ့ ချာဟာနိုဂလူး အတွက် ပြောင်းရွှေ့ကြေးကို ယူရိုသန်း ၄၀ အလိုရှိနေကြောင်း သိရပါတယ်။(NVS 008)

14 Nov

ADVERTISE HERE .