ထိပ်တန်းအသင်းများက အယ်လ်ဗာရက်ဇ် ကို စိတ်ဝင်စားနေသည်မှာ မထူးဆန်းကြောင်း နည်းပြ ဆီမြွန်နီ ပြော
14 Nov
အက်သလက်တီကိုမက်ဒရစ်အသင်း နည်းပြ ဆီမြွန်နီ က အသင်းတိုက်စစ်မှူး အယ်လ်ဗာရက်ဇ် ကို ခေါ်ယူရန် အတွက် အာဆင်နယ်၊ ဘာစီလိုနာအပါအဝင် ဥရောပထိပ်တန်းအသင်းများက စိတ်ဝင်စားနေကြသည်မှာ မထူးဆန်းကြောင်း ပြောကြားခဲ့ပါတယ်။ အသက် ၂၅ နှစ်အရွယ် အာဂျင်တီးနားလက်ရွေးစင်တိုက်စစ်မှူး အယ်လ်ဗာရက်ဇ် ဟာ ၂၀၂၄ နွေရာသီက မန်စီးတီးအသင်းမှ အက်သလက်တီကိုအသင်းထံသို့ ပေါင် ၈၂ သန်းဖြင့် ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၄-၂၀၂၅ ရာသီမှာ အက်သလက်တီကိုအသင်းအတွက် ခြေစွမ်းပြပြီး ပြိုင်ပွဲစုံ ၅၄ ပွဲမှာ ၂၉ ဂိုးသွင်းကာ ဂိုးဖန်တီးမှု ခုနစ်ကြိမ် ပြုလုပ်ပေးနိုင်ခဲ့ပြီး ယခုရာသီတွင်လည်း အသင်းရဲ့ အဓိကကစားသမားတစ်ဦးအဖြစ် ခြေစွမ်းပြနေသူ ဖြစ်ပါတယ်။ ဒါကြောင့် ၎င်းကိုခေါ်ယူရန် အာဆင်နယ်၊ ဘာစီလိုနာအပါအဝင် ဥရောပထိပ်တန်းအသင်းများစွာက စိတ်ဝင်စားနေကြောင်း သတင်းများထွက်ပေါ်ခဲ့ပါတယ်။(NVS 008)
14 Nov