အမေရိကန်အစိုးရအဖွဲ့ လုပ်ငန်းလည်ပတ်မှုရပ်ဆိုင်းခြင်း အဆုံးသတ်သွားသော်လည်း နောက်တစ်ကြိမ် ပြန်ဖြစ်ပေါ်နိုင်ခြေရှိ
14 Nov
အမေရိကန်နိုင်ငံ၌ အစိုးရအဖွဲ့၏ လုပ်ငန်းလည်ပတ်မှုရပ်ဆိုင်းခြင်းသည် ၄၃ ရက်ကြာမြင့်ခြင်းဖြင့် စံချိန် တင်ပြီးနောက် ယခုအခါ ထိုသို့ရပ်ဆိုင်းခြင်းက အဆုံးသတ်သွားပြီဖြစ်သော်လည်း နောက်တစ်ကြိမ် အလားတူ အခြေအနေမျိုး ပြန်လည်ဖြစ်ပေါ်နိုင်ခြေ ရှိနေသေးကြောင်းသိရသည်။ အမေရိကန်အထက်လွှတ်တော်သည် အစိုးရအဖွဲ့အသုံးစရိတ်အတွက် ကြိုတင်ငွေသတ်မှတ်ပေးသည့် ဥပဒေကို ထောက်ခံမဲ ၆၀ ရာခိုင်နှုန်းဖြင့်အတည်ပြုပြီးနောက် နှစ်ရက်အကြာ နိုဝင်ဘာလ ၁၂ ရက်တွင် ကွန်ဂရက်က ထိုဥပဒေကို ထပ်မံအတည်ပြုပေးလိုက်ခြင်းဖြစ်သည်။ ယင်းနောက်တွင် သမ္မတ ဒေါ်နယ်ထရမ့် က ထိုဥပဒေကို အတည်ပြုလက်မှတ်ရေးထိုးခြင်းဖြင့် အစိုးရအဖွဲ့လုပ်ငန်းလည်ပတ်မှု ရပ်ဆိုင်းနေခြင်း အဆုံးသတ်သွားခြင်းဖြစ်သည်။ သို့သော် ယခုဥပဒေသည် လာမည့်နှစ် ဇန်နဝါရီလ ၃၀ ရက်တွင် သက်တမ်းကုန်ဆုံးမည်ဖြစ်သောကြောင့် ယင်းမတိုင်မီ နှစ်လအတွင်း ရီပတ်ဘလစ်ကန်နှင့် ဒီမိုကရက်တစ်တို့အနေဖြင့် ကျန်ရှိနေသည့် အသုံးစရိတ်အတွက် အတည်ပြုရန်လိုအပ်မည်ဖြစ်သည်။ ထိုသို့အတည်ပြုနိုင်ရေးမှာလည်း ပါတီကြီးနှစ်ခုကြား ညှိနှိုင်းမရနိုင်သည့် တောင်းဆိုချက်အသီးသီး ရှိနေဆဲဖြစ်သောကြောင့် နောက်ထပ်တစ်ကြိမ်အစိုးရအဖွဲ့ လုပ်ငန်းလည်ပတ်မှု ရပ်ဆိုင်း နိုင်သည့် အလားအလာရှိနေခြင်းဖြစ်ကြောင်းသိရသည်။