ပိတ်ဆို့မှုများကို တုံ့ပြန်သည့်အနေဖြင့် ဂျပန်နိုင်ငံသား ၃၀ ဦးကို ရုရှားက ပြည်ဝင်ခွင့်ပိတ်ပင်

13 Nov

ရုရှားနိုင်ငံအပေါ် ဂျပန်နိုင်ငံ၏ ဆက်လက်ပိတ်ဆို့အရေးယူမှုများကို တုံ့ပြန်သည့်အနေဖြင့် ရုရှားနိုင်ငံခြားရေး ဝန်ကြီးဌာနက ဂျပန်နိုင်ငံသား ၃၀ ဦးကို နိုင်ငံအတွင်းသို့ အချိန်အကန့်အသတ်မရှိ ပြည်ဝင်ခွင့်ပိတ်ပင်ကြောင်း နိုဝင်ဘာလ ၁၁ ရက်ည၌ ကြေညာခဲ့သည်။ ပြည်ဝင်ခွင့်ပိတ်ပင်ခံရသူများစာရင်းတွင် ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Toshihiro Kitamura ပါဝင်ပြီး အခြားသူများမှာ ဂျပန်နိုင်ငံ၏ မီဒီယာနှင့် ပညာရေးကဏ္ဍများမှ ဖြစ်သည်ဟု ရုရှားနိုင်ငံခြားရေး ဝန်ကြီးဌာန၏ ဝက်ဘ်ဆိုက်တွင် ထုတ်ပြန်ထားသော ကြေညာချက်အရ သိရသည်။ ၂၀၂၂ ခုနှစ်တွင် ယူကရိန်းအကျပ်အတည်း အရှိန်မြင့်တက်လာပြီးနောက် ဂျပန်နိုင်ငံသည် အမေရိကန်နိုင်ငံနှင့် ပူးပေါင်း၍ ရုရှားနိုင်ငံအပေါ် ကျယ်ပြန့်သောပိတ်ဆို့မှုများ ချမှတ်ခဲ့သည်။ ယင်းကို တုံ့ပြန်သည့်အနေဖြင့် ရုရှားအစိုးရက ဂျပန်နိုင်ငံကို “မိတ်ဆွေမဟုတ်သော နိုင်ငံများ” စာရင်းတွင် ထည့်သွင်းခဲ့သည်။ စက်တင်ဘာလ အစောပိုင်းတွင် ဂျပန်နိုင်ငံသည် ရုရှားစီးပွားရေးလုပ်ငန်းများနှင့် လူပုဂ္ဂိုလ်များစွာအပေါ် ပိတ်ဆို့မှုအသစ်များ ချမှတ်ခဲ့ကြောင်း သိရသည်။ (Repost from Xinhua Myanmar)

13 Nov

ADVERTISE HERE .