“ကာတာကလပ် အယ်လ်ဆတ်အသင်းကို ကိုင်တွယ်ဖို့ သဘောတူညီမှုရရှိခဲ့တဲ့ မန်စီနီ”

13 Nov

အီတလီလက်ရွေးစင်နည်းပြဟောင်း ရောဘတ်တိုမန်စီနီ ဟာ ကာတာကလပ် အယ်လ်ဆတ်အသင်းကို ကိုင်တွယ်ဖို့ သဘောတူညီမှု ရရှိခဲ့ပြီဖြစ်ကြောင်း သိရပါတယ်။ အသက် ၆၀ အရွယ်ရှိပြီဖြစ်တဲ့ မန်စီနီ ဟာ ၂၀၂၄ အောက်တိုဘာလမှာ ဆော်ဒီလက်ရွေးစင်အသင်းနဲ့ လမ်းခွဲခဲ့ပြီးကတည်းက အသင်းလက်မဲ့ဖြစ်နေခဲ့ပါတယ်။ မန်စီနီ က အီတလီကလပ်အသင်းတစ်သင်းကို ကိုင်တွယ်ဖို့ ပိုမိုဆန္ဒရှိခဲ့ပေမယ့် အယ်လ်ဆတ်အသင်းရဲ့ ကမ်းလှမ်းမှုကို လက်ခံခဲ့တာဖြစ်ပြီး အခြေအနေအရ ၂၀၂၆ နွေရာသီမှာ လမ်းခွဲခွင့်ရှိတဲ့ သဘောတူညီမှုပါဝင်ကြောင်း သိရပါတယ်။ မန်စီနီ ဟာ နည်းပြဘဝမှာ အင်တာမီလန်အသင်းနဲ့ စီးရီးအေချန်ပီယံဆု ၃ ကြိမ်၊ မန်စီးတီးနဲ့ ပရီးမီးယားလိဂ် ချန်ပီယံဆု၊ အီတလီလက်ရွေးစင်အသင်းနဲ့ ယူရို ၂၀၀၀ ချန်ပီယံဆုတွေ ရယူနိုင်ခဲ့သူဖြစ်ပေမယ့် ဆော်ဒီလက်ရွေးစင် အသင်းကို ကိုင်တွယ်ရာမှာ အောင်မြင်မှုမရခဲ့ပါဘူး။ အယ်လ်ဆတ်အသင်းဟာ ဒီရာသီကာတာလိဂ်ပြိုင်ပွဲမှာ အဆင့်(၆)နေရာရောက်ရှိနေပြီး ပြီးခဲ့တဲ့အောက်တိုဘာလက နည်းပြ ဖီးလစ်ဆန်းချက်ဇ် နဲ့ လမ်းခွဲထားခဲ့တာ ဖြစ်ပါတယ်။ (NVS-008)

13 Nov

ADVERTISE HERE .