“အိမ်ရှင်အခွင့်အရေးက ဝေးလ်စ်အသင်းကို ကိုင်တွယ်ဖို့ ကြီးမားတဲ့လှုံ့ဆော်မှုဖြစ်စေတယ်လို့ဆိုတဲ့ ဘယ်လာမီ”
13 Nov
ဝေးလ်စ်လက်ရွေးစင်အသင်းရဲ့နည်းပြ ဘယ်လာမီ က ဝေးလ်စ်အသင်းကို ကိုင်တွယ်ခဲ့တာဟာ ယူရို ၂၀၂၈ အိမ်ရှင်အခွင့်အရေးရဲ့ ကြီးမားတဲ့ လှုံ့ဆော်မှုကြောင့်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ ဝေးလ်စ်အသင်းရဲ့ ပွဲအများဆုံးကစားသမား ၁၀ ဦး၊ ဂိုးအများဆုံးကစားသမား ၁၀ ဦးစာရင်းတွေမှာ ပါဝင်တဲ့ တိုက်စစ်မှူးဟောင်း ဘယ်လာမီ ဟာ ၂၀၂၄ ဇူလိုင်လမှာ ဝေးလ်စ်အသင်းကို စတင်ကိုင်တွယ်ခဲ့ပါတယ်။ ဝေးလ်စ် နိုင်ငံဟာ ယူရို ၂၀၂၈ ပြိုင်ပွဲကို အင်္ဂလန်၊ အိုင်ယာလန်၊ စကော့တလန်တို့နဲ့အတူ ပူးတွဲအိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့် ရရှိထားတာဖြစ်ပြီး ဘယ်လာမီ ကို အဲဒီပြိုင်ပွဲပြီးတဲ့အထိ စာချုပ်ချုပ်ဆိုထားခြင်းဖြစ်ကြောင်း သိရပါတယ်။ ဝေးလ်စ်အသင်းဟာ ၂၀၂၆ ကမ္ဘာဖလားခြေစစ်ပွဲမှာ Play-offs ကတစ်ဆင့် ခြေစစ်ပွဲအောင်မြင်ဖို့ ကြိုးစားရဖွယ် ရှိနေကြောင်း သိရပါတယ်။ (NVS-008)
13 Nov