“ဂါဇာဒေသသို့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးထရပ်ကားများ ဝင်ရောက်ရန် ဇီကင်မ်နယ်စပ်ဖြတ်ကျော်ဂိတ် ပြန်လည်ဖွင့်လှစ်"

13 Nov

ဂါဇာမြောက်ပိုင်းသို့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးထရပ်ကားများ ဝင်ရောက်ရန် ဇီကင်မ်နယ်စပ်ဖြတ်ကျော်ဂိတ်ကို ပြန်လည်ဖွင့်လှစ်ခဲ့ကြောင်း အစ္စရေးက နိုဝင်ဘာလ ၁၂ ရက်တွင် ပြောကြားခဲ့ သည်။ အစ္စရေးကာကွယ်ရေးဝန်ကြီးဌာန၏ နယ်စပ်ဖြတ်ကျော်အာဏာပိုင်အဖွဲ့က “လုံခြုံရေးစစ်ဆေးမှုများ" အပြီး တွင် ကုလသမဂ္ဂနှင့်နိုင်ငံတကာက အကူအညီများပေးအပ်သွားမည်ဖြစ်ကြောင်းနှင့် အဆိုပါဆောင်ရွက်မှုသည် နိုင်ငံရေးစံနှုန်းများကို လိုက်နာခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။ စစ်ပွဲဒဏ်ကို ဆိုးရွားစွာ ထိခိုက်ခံစားရသောဒေသများသို့ ရိက္ခာများပိုမိုရောက်ရှိနိုင်စေရန် ဂါဇာမြောက်ပိုင်းရှိ နယ်စပ်ဖြတ်ကျော် ဂိတ်များကို ပြန်လည်ဖွင့်လှစ်ရန် ကုလသမဂ္ဂနှင့် နိုင်ငံတကာအကူအညီပေးရေး အေဂျင်စီများက အစ္စရေးအား ကာလရှည်ကြာ တိုက်တွန်းထားသည်။ ဂါဇာကမ်းမြောင်ဒေသသို့ အကူအညီများပေးပို့ရာတွင် အစ္စရေးလုံခြုံရေးစစ်ဆေးမှုများနှင့် ခွင့်ပြုထားသော ကုန်ပစ္စည်းများအပေါ် တင်းကျပ်သည့်ကန့်သတ်မှုများကြောင့် အဟန့်အတားဖြစ်နေကြောင်း လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ တာဝန်ရှိသူများက ပြောကြားခဲ့သည်။ ကုန်တင်ကားများ နယ်မြေအတွင်းသို့ ဝင်ရောက် ပြီးသည့်တိုင် ကျယ်ပြန့်သောအခြေခံအဆောက်အအုံများ ပျက်စီးခြင်းနှင့် လုယက်ခြင်းအန္တရာယ်ကြောင့် ထောက်ပံ့ရေးပစ္စည်းများ ဖြန့်ဝေရေးမှာ ခက်ခဲနေဆဲဖြစ်သည်ဟု ဆင်ဟွာ သတင်းဌာနဖော်ပြချက်အရ သိရသည်။

13 Nov

ADVERTISE HERE .