“မြို့မအပျော်တမ်းတူရိယာအသင်း နှစ် ၁၀၀ ပြည့် အထိမ်းအမှတ်အဖြစ် မြို့မတေးသီချင်းများ အခမဲ့ဖြန့်ဝေမည်”
13 Nov
မန္တလေးမြို့မအပျော်တမ်းတူရိယာအသင်း နှစ် ၁၀၀ ပြည့်အထိမ်းအမှတ်အဖြစ် မြို့မအမှတ်တရတေးသီချင်း များကို အခမဲ့ဖြန့်ဝေသွားမည်ဟု မန္တလေးမြို့မအပျော်တမ်းတူရိယာအသင်းထံမှ သိရပါတယ်။ အခုလိုနှစ် ၁၀၀ ပြည့်အမှတ်တရတေးသီချင်းများကို နိုဝင်ဘာလလယ်မှာ ထုတ်ဝေနိုင်ရန် စီစဉ်ဆောင်ရွက် နေကြောင်း သိရပါတယ်။ ဒါ့အပြင် နှစ် ၁၀၀ ပြည့်အဖြစ် အကြိုအထိမ်းအမှတ် မဂ္ဂဇင်းထုတ်ဝေခြင်း၊ နိုင်ငံကျော် အနုပညာရှင်များနှင့် မြို့မတူရိယာပင်တိုင်အဆိုရှင်များပူးပေါင်းပြီး အမှတ်တရတေးသီချင်းများ အခမဲ့ထုတ်ဝေဖြန့်ဝေ ခြင်း၊ မြို့မတေးသီချင်းအဆိုပြိုင်ပွဲများ၊ အထိမ်းအမှတ်မဂ္ဂဇင်းများ ထုတ်ဝေရန်ရှိကြောင်း သိရပါတယ်။ မြို့မအပျော်တမ်းတူရိယာအသင်းကို ၁၉၂၅ ခုနှစ်မှာ ဆရာအလင်္ကာကျော်စွာ မြို့မငြိမ်းမှဦးဆောင် တည်ထောင်ခဲ့ပါတယ်။ ၁၉၂၈ ခုနှစ်မှာ မန္တလေးဆိုင်းတန်းရပ်မှ ဦးတော်လုံကို အမှူးပြု၍ ဦးကျော်ငြိမ်း(မြို့မငြိမ်း)၊ ဦးကြီးငွေ၊ ဦးသန့်ဇင်၊ ဦးရင်ကလေးတို့က ဒါးတန်း ဦးသန့် နေထိုင်သော ဒါးတန်းဝင်းအတွင်းမှာ ဖွဲ့စည်းခဲ့ပါတယ်။ ပထမဆုံး အဆိုတော်မှာ ဦးညီနှင့် ဦးဖူးအံ့တို့ ဖြစ်ပါတယ်။(NVS-004)