“အရည်အသွေးမြင့် Hass ထောပတ်သီးများကို စင်ကာပူနှင့်ထိုင်းနိုင်ငံတို့သို့ အဓိကထားတင်ပို့မည်”

13 Nov

ယခုနှစ်မှာ ထွက်ရှိတဲ့ အရည်အသွေးမြင့် Hass ထောပတ်သီးများကို စင်ကာပူနှင့် ထိုင်းနိုင်ငံတို့ကို အဓိကထား တင်ပို့မည်ဖြစ်ကြောင်း မြန်မာနိုင်ငံထောပတ်သီး စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းမှ သိရပါတယ်။ ပြည်တွင်းမှာ ယမန်နှစ် ထောပတ်သီးရာသီချိန်က အရည်အသွေးမြင့် Hass ထောပတ်သီးတန်ချိန် ၃,၀၀၀ ခန့် ထွက်ရှိခဲ့ကြောင်း၊ ယခုနှစ်မှာ ထောပတ်သီးများ ပိုမိုထွက်ရှိရန် မျှော်မှန်းထားကြောင်းနှင့် နှစ်စဉ် စက်တင်ဘာလမှ ဒီဇင်ဘာလအတွင်း ထောပတ်သီးများ လှိုင်လှိုင်ထွက်လေ့ရှိပြီး ပြည်တွင်းစားသုံးမှုအပြင် ပြည်ပနိုင်ငံများသို့ တင်ပို့နေရာမှာ Hass ထောပတ်သီးများအပြင် Buccaneer ၊ 034 ၊ Booth 7 နှင့် အမရာစသော ထောပတ် သီးမျိုးများကို တင်ပို့ရောင်းချနေလျက်ရှိပါတယ်။ ပြည်တွင်းမှာ အများအားဖြင့် ကိုင်းဆက်စိုက်ပျိုးထားတဲ့ Hass ထောပတ်သီးများနှင့် Buccaneer ထောပတ်သီးများကို ရန်ကုန်၊ မန္တလေး စသည့်မြို့ကြီးများက အဓိကထား စားသုံးကြသဖြင့် နှစ်စဉ် အမြောက်အမြား တင်ပို့ရောင်းချရကြောင်း မြန်မာနိုင်ငံထောပတ် သီးစိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းမှ သိရပါတယ်။လက်ရှိမှာ မြန်မာ့ထောပတ်သီးများက ပြည်တွင်း၊ ပြည်ပဈေးကွက်မှာ ဝယ်လိုအားကောင်းလာ၍ ထောပတ်သီး စိုက်ပျိုးတောင်သူများအနေဖြင့် ဈေးကွက်လိုအပ်ချက်ရှိသော ထောပတ် မျိုးကို ဦးစားပေးစိုက်ပျိုးကြရန် အသင်းမှ တိုက်တွန်းထားရှိပါတယ်။(NVS-004)

13 Nov

ADVERTISE HERE .