“နေပြည်တော်ရှိ ငလျင်ဒဏ်သင့်ဝန်ထမ်းအိမ်ရာအသစ် ၂၃၀ လုံးကို ပြန်လည်တည်ဆောက်မည်”

13 Nov

မန္တလေးငလျင်ကြီးလှုပ်ခတ်မှုကြောင့် နေပြည်တော်ရှိပျက်စီးသွားသော ဝန်ထမ်းအိမ်ရာများအတွက် ဇမ္ဗူသီရိ မြို့နယ်ရှိ သုခသိဒ္ဓိရပ်ကွက်အကွက်အမှတ် (၃)၊ (၈-ခ)၊ (၄)တို့တွင် ဝန်ထမ်းအိမ်ရာအသစ် ၂၃၀ လုံးကို ပြန်လည် တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရပါတယ်။ အဆိုပါ ဝန်ထမ်းအိမ်ရာအသစ် တည်ဆောက်နိုင်ရေးအတွက် ညှိနှိုင်းအစည်းအဝေးကို နိုဝင်ဘာလ ၁၁ ရက် နံနက်ပိုင်းက ကျင်းပခဲ့ရာ နေပြည်တော် ဒုတိယမြို့တော်ဝန် ဦးမောင်မောင် တက်ရောက်၍ အဆောက်အဦများ အားလုံးကို တစ်ပြိုင်တည်း စတင်ဆောင်ရွက်ရမည်ဖြစ်ပြီး ဝန်ထမ်းအိမ်ရာများ အမြန်ဆုံးဆောက်လုပ်ပြီးမှသာ ဝန်ထမ်းများအဆင်ပြေချောမွေ့စွာ ပြန်လည်နေထိုင်နိုင်ရေးအတွက် နေရာချထားပေးနိုင်မယ်လို့ ပြောကြားခဲ့ကြောင်း သိရပါတယ်။ဒါ့အပြင် ယခုအဆောက်အဦများသည် ငလျင်ဒဏ်ပြန်လည်ထူထောင်ရေးအတွက် တည်ဆောက်နေခြင်း ဖြစ်၍ MNBC Code 2025 ပါ စံနှုန်းများနှင့်အညီ အရည်အသွေးပြည့်မီသော စံနမူနာပြအဆောက်အဦများဖြစ်စေရန် ဆောက်လုပ်ရေးအသင်းနှင့် ကုမ္ပဏီများက ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားခဲ့ပါတယ်။(NVS-004)

13 Nov

ADVERTISE HERE .