“ရှက်ရှကိုရဲ့ဒဏ်ရာ မပြင်းထန်ဖို့ မန်ယူအသင်း မျှော်လင့်”
12 Nov
မန်ယူအသင်း တာဝန်ရှိသူတွေဟာ ဒူးဒဏ်ရာရခဲ့တဲ့ တိုက်စစ်မှူး ရှက်ရှကို ရဲ့ဒဏ်ရာမပြင်းထန်ဖို့ မျှော်လင့်နေတယ်လို့ သိရပါတယ်။ ရှက်ရှကို ဟာ ဒီဒဏ်ရာကြောင့် မိခင်နိုင်ငံ ဆလိုဗေးနီးယားအသင်းရဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲတွေကို လွဲချော်ခဲ့ရပါတယ်။ ရှက်ရှကို ဟာ စပါးအသင်းနဲ့ပွဲစဉ်မှာ လူစားဝင်ကစားပြီး ၈၈ မိနစ်မှာ စပါးအသင်းနောက်ခံလူ ဗန်ဒယ်ဗန် နဲ့ ထိခိုက်မိလို့ ဒဏ်ရာရခဲ့တာ ဖြစ်ပါတယ်။ ရှက်ရှကို အနေနဲ့ ကွင်းထဲက ချိုင်းထောက်အကူအညီမပါဘဲ ထွက်ခွာခဲ့ပေမယ့် ကောင်းစွာ လမ်းမလျှောက် နိုင်ခဲ့ပါဘူး။ ရှက်ရှကို ရဲ့ဒဏ်ရာကို နိုင်ငံတကာရက်သတ္တပတ်အတွင်း စမ်းသပ်စစ်ဆေးမှုတွေ ထပ်မံပြုလုပ်သွားဖို့ ရှိနေပါတယ်။ (NVS 008)
12 Nov