“နည်းပြ ဂျူရစ် ကို နည်းပြရာထူးကနေ ထုတ်ပယ်ခဲ့တဲ့ အတ္တလန်တာအသင်း”
12 Nov
အတ္တလန်တာအသင်းဟာ နည်းပြ အီဗန်ဂျူရစ် ကို ရာထူးကနေထုတ်ပယ်ကြောင်း အတည်ပြုကြေညာ ခဲ့ပါတယ်။ ခရိုအေးရှားနိုင်ငံသား ဂျူရစ် ဟာ ပြီးခဲ့တဲ့ဇွန်လက အတ္တလန်တာအသင်းကို နှစ်နှစ်စာချုပ်နဲ့ စတင်ကိုင်တွယ် ခဲ့ပေမယ့် နောက်ဆုံးစီးရီးအေအိမ်ကွင်းပွဲမှာ ဆာဆူအိုလိုကို ၃ ဂိုးပြတ်နဲ့ ရှုံးနိမ့်ခဲ့မှုအပါအဝင် အခုရာသီ စီးရီးအေ ၁၁ ပွဲ မှာ ၂ ပွဲသာ အနိုင်ရခဲ့တာဖြစ်တယ်။ အမှတ်ပေးဇယားမှာ အဆင့် (၁၃) နေရာရောက်နေရှိပြီး ထိပ်ဆုံးက အင်တာမီလန် အသင်းနဲ့ ၁၁ မှတ် ကွာဟနေပါတယ်။ နည်းပြ ဂျူရစ် အနေနဲ့ အသင်းကို ၅ လသာ တာဝန်ယူခဲ့ရလို့ အတ္တလန်တာ အသင်းရဲ့ ခေတ်သစ်သမိုင်းမှာ ကာလအတိုဆုံးနည်းပြ ဖြစ်ခဲ့တယ်။ အတ္တလန်တာအနေနဲ့ နိုဝင်ဘာလ ၂၂ ရက်မှာ ကစားမယ့် နာပိုလီနဲ့ပွဲမတိုင်ခင် ပယ်လာဒီနိုကို နည်းပြသစ်အဖြစ်ခန့်အပ်ဖို့ ရှိနေပါတယ်။ (NVS 008)
12 Nov