“လာဗီယာ အနည်းဆုံးတစ်လခန့် ထပ်နားရမည်”
12 Nov
ချဲလ်ဆီးကွင်းလယ်လူ လာဗီယာ ဟာ ကြွက်သားဒဏ်ရာနဲ့ အနည်းဆုံးတစ်လခန့် ထပ်မံအနားယူရဖို့ ရှိပါတယ်။ အသက် ၂၁ နှစ်အရွယ် လာဗီယာ ဟာ ချဲလ်ဆီးအသင်း ကို စရောက်လာကတည်းက ဒဏ်ရာပြဿနာတွေနဲ့ ရုန်းကန်နေရတာ ဖြစ်ပါတယ်။ ၎င်းအနေနဲ့ ပြီးခဲ့တဲ့ ကာရာဘတ် နဲ့ နှစ်ဂိုးစီသရေကျတဲ့ ချန်ပီယံလိဂ်ပွဲမှာ လေးမိနစ်သာ ကစားပြီး ဒဏ်ရာရခဲ့တာ ဖြစ်တယ်။ လာဗီယာ ဟာ ကလပ်ကမ္ဘာ့ဖလားမှာ ဒဏ်ရာရပြီး ပြန်ကစားနိုင်ကတည်းက လေးပွဲသာ ပွဲထွက်ခွင့် ရရှိခဲ့တာ ဖြစ်ပါတယ်။ ချဲလ်ဆီးအသင်းက လာဗီယာ ကို ၂၀၂၃ ခုနှစ်မှာ ဆောက်သမ်တန်အသင်းကနေ ပေါင် ၃၅ သန်းနဲ့ ခေါ်ယူခဲ့တာဖြစ်ပါတယ်။ (NVS 008)
12 Nov