“စပိန်အသင်းလူစာရင်းကနေ ယာမယ် နုတ်ထွက်မှုအပေါ် အံ့အားသင့်ရကြောင်းပြောကြားခဲ့တဲ့ နည်းပြ ဒယ်လာဖွန်တေ”

12 Nov

စပိန်လက်ရွေးစင်အသင်းနည်းပြ ဒယ်လာဖွန်တေ က ဘာစီလိုနာတိုက်စစ်ကစားသမား ယာမယ် အသင်းလူစာရင်းက နုတ်ထွက်မှုအပေါ် အံ့အားသင့်မိတယ်လို့ ပြောကြားခဲ့ပါတယ်။ အသက် ၁၈ နှစ်အရွယ်သာရှိသေးတဲ့ ယာမယ် ဟာ ပေါင်ခြံဒဏ်ရာနဲ့ နုတ်ထွက်ခဲ့တာဖြစ်ပြီး စပိန်ဘောလုံး အဖွဲ့ချုပ်ရဲ့ ထုတ်ပြန်ချက်မှာလည်း ဒီအကြောင်း မသိရဘူးလို့ ကြေညာထားပါတယ်။ ယာမယ် ဟာ ပြီးခဲ့တဲ့တနင်္ဂနွေနေ့က ဆယ်လ်တာဗီဂိုအသင်းနဲ့ပွဲ နာကျင်အချိန်ပိုမှာ လူစားလဲမခံရခင် အသင်းအတွက် တစ်ဂိုး သွင်းယူပေးခဲ့ပါတယ်။ စပိန်အသင်းဟာ ကမ္ဘာ့ဖလားခြေစစ်ပွဲအုပ်စုမှာ ရာနှုန်းပြည့် အနိုင်ရ ထားပေမယ့် ခြေစစ်ပွဲအောင်မြင်ခြင်းမရှိသေးဘဲ လက်ကျန်နှစ်ပွဲမှာ နိုဝင်ဘာလ ၁၅ ရက်တွင် ဂျော်ဂျီယာ၊ နိုဝင်ဘာလ ၁၈ ရက်တွင် တူကီယဲတို့နဲ့ ကစားရမှာဖြစ်ပါတယ်။ (NVS 008)

12 Nov

ADVERTISE HERE .