“ပရီးမီးယားလိဂ်ပွဲစဉ်(၁၁)ရဲ့ အကောင်းဆုံးကစားသမားဆုကို ရရှိခဲ့တဲ့ ဒိုကူ”
12 Nov
မန်စီးတီးအသင်းရဲ့ ဘယ်လ်ဂျီယံတောင်ပံကစားသမား ဒိုကူ ဟာ ပရီးမီးယားလိဂ်ပွဲစဉ်(၁၁)ရဲ့ အကောင်းဆုံး ကစားသမားအဖြစ် ရွေးချယ်ခံခဲ့ရကြောင်း သိရပါတယ်။ ပရီးမီးယားလိဂ်ပွဲစဉ်(၁၁)မှာ မန်စီးတီးအသင်းက လီဗာပူးလ်အသင်းကို ၃ ဂိုးပြတ်အနိုင်ရရှိခဲ့ပြီး အဆိုပါပွဲစဉ် မှာ ဒိုကူ က သွင်းဂိုး တစ် ဂိုးသွင်းယူနိုင်ခဲ့ကာ တိုက်စစ်ကို အဓိကဦးဆောင်ခဲ့တာကြောင့် အခုလိုရွေးချယ် ခံခဲ့ရခြင်းဖြစ်ကြောင်း သိရပါတယ်။ ဒိုကူ ဟာ ပရီးမီးယားလိဂ်ရဲ့ ပွဲစဉ်အလိုက် ကစားသမားဆုရရှိတဲ့ ဒုတိယမြောက်မန်စီးတီးကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပြီး ဟာလန်းက ပရီးမီးယားလိဂ်ပွဲစဉ်(၆)ရဲ့ အကောင်းဆုံးကစားသမားဆု ရရှိခဲ့တာဖြစ်ပါတယ်။ ဒိုကူ က လီဗာပူးလ်နဲ့ပွဲအပြီးမှာ ပြိုင်ပွဲကို ဦးဆောင်နေတဲ့ အာဆင်နယ်အသင်းအကြောင်း စဉ်းစားခြင်းမရှိဘဲ ကိုယ့်အသင်း ရလဒ်ကောင်းဖို့သာ အာရုံစိုက်ထားကြောင်း ပြောကြားခဲ့ပါတယ်။ (NVS 008)
12 Nov