“နယ်စပ်၌ မြေမြှုပ်မိုင်းအသစ်များခင်းခြင်းမရှိဟု ကမ္ဘောဒီးယားထုတ်ပြန်”

12 Nov

ကမ္ဘောဒီးယား-ထိုင်းနယ်စပ်၌ မြေမြှုပ်မိုင်းအသစ်များကို ခင်းနေခြင်းမရှိကြောင်း ကမ္ဘောဒီးယားအစိုးရက နိုဝင်ဘာလ ၁၁ ရက်တွင် ထုတ်ပြန်လိုက်သည်။ နိုဝင်ဘာလ ၁၀ ရက်တွင် နယ်စပ်၌ မြေမြှုပ်မိုင်းတစ်လုံးကွဲခြင်းကြောင့် ကင်းလှည့်နေသည့် ထိုင်းစစ်သည်နှစ်ဦးဒဏ်ရာရရှိပြီးနောက် ကမ္ဘောဒီးယားအနေဖြင့် မိုင်းအသစ်များခင်းနေသည် ဟူသော ထိုင်းနိုင်ငံ၏စွပ်စွဲချက်ကို ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီးဌာနက ယခုကဲ့သို့ ငြင်းဆိုလိုက်ခြင်းဖြစ်သည်။ ထို့ပြင် နှစ်ပေါင်း ၃၀ ကျော်ကြာမြင့်ခဲ့သည့် ကမ္ဘောဒီးယားပြည်တွင်းစစ်ကျန် မိုင်းကွင်းများသည် ကမ္ဘောဒီးယား-ထိုင်းနယ်စပ်၌ရှိနေဆဲဖြစ်ကြောင်း၊ မိုင်းကွင်းအများစုမှာ မြေအခြေအနေအရနှင့် ပိုင်နက်နယ်မြေ အငြင်းပွားမှု အခြေအနေအရတို့ကြောင့် ရှင်းလင်းထားခြင်းမရှိသေးသည်ကို သတိပြုသင့်ကြောင်း ကမ္ဘောဒီးယားနိုင်ငံခြားရေး ဝန်ကြီးဌာန၏ထုတ်ပြန်ချက်တွင် ဆက်လက်ဖော်ပြထားသည်။ ထို့ပြင် မိုင်းပေါက်ကွဲမှုကြောင့် ပူးတွဲငြိမ်းချမ်းရေးကြေညာချက်ပါ သဘောတူညီချက်များကို လိုက်နာမှု ရပ်ဆိုင်းသည် ဟူသော ထိုင်းနိုင်ငံ၏ဆုံးဖြတ်ချက်အပေါ် လွန်စွာစိုးရိမ်ကြောင်းနှင့် ကမ္ဘောဒီးယားနိုင်ငံကမူ ထို သဘောတူညီချက်များကို ဆက်လက်လိုက်နာသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်ဟု ဆင်ဟွာသတင်းဌာန ဖော်ပြချက်အရ သိရသည်။

12 Nov

ADVERTISE HERE .