“ကျောက်ဖြူနှင့်ထားဝယ်အထူးစီးပွားရေးဇုန်စီမံကိန်းများ အောင်မြင်စွာအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် ပိုမိုတိုးမြှင့်ဆောင်ရွက်ပေးရန် တိုက်တွန်း”

12 Nov

ကျောက်ဖြူနှင့် ထားဝယ်အထူးစီးပွားရေးဇုန်စီမံကိန်းများ အောင်မြင်စွာအကောင်အထည်ဖော် ဆောင်ရွက် နိုင်ရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာနများက ပိုမိုတိုးမြှင့်ဆောင်ရွက်ပေးစေလိုကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးချစ်ဆွေ က မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ဒုတိယအကြိမ်အစည်းအဝေးမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။ ဒါ့အပြင် ပြည်ထောင်စုဝန်ကြီးက သီလဝါအထူးစီးပွားရေးဇုန်မှာ ရင်းနှီးမြှုပ်နှံမှုများ တိုးပွားလာရေး ဆက်လက်ကြိုးစားဆောင်ရွက်လိုကြောင်းပြောကြားခဲ့ပါတယ်။ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော် က ကျောက်ဖြူအထူးစီးပွားရေးဇုန်၊ ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်းနှင့် ထားဝယ်အထူးစီးပွားရေးဇုန်မှာ လာရောက်ရင်းနှီးမြှုပ်နှံမည့်သူများကို မြန်မာအထူးစီးပွားရေးဇုန် ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ဆောင်ရွက်ရန် ဖြည့်စွက်ပြောကြားခဲ့ပါတယ်။ အဲဒီနောက် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ်က ယခင်ကျင်းပခဲ့တဲ့ ဗဟိုလုပ်ငန်းအဖွဲ့၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ပထမအကြိမ်အစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ရှင်းလင်းတင်ပြပြီး သီလဝါအထူးစီးပွားရေးဇုန်၊ ကျောက်ဖြူနှင့် ထားဝယ်အထူးစီးပွားရေးဇုန်တို့မှ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌများက အမှာစာများကို ဖတ်ကြားတင်ပြ ခဲ့ကြောင်း သိရပါတယ်။ (NVS 004)

12 Nov

ADVERTISE HERE .