“ဒုတိယအကြိမ်မဲဆန္ဒရှင်စာရင်းကြေညာရာမှာ အမှန်တကယ်ပါဝင်သင့်တဲ့ မဲဆန္ဒရှင်စာရင်းများကျန်ရှိမှု မရှိစေရေး အလေးထားရန် စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ်ပြော”
12 Nov
ဒုတိယအကြိမ်မဲဆန္ဒရှင်စာရင်း ကြေညာရာမှာ အမှန်တကယ်ပါဝင်သင့်တဲ့ မဲဆန္ဒရှင်စာရင်းများ ကျန်ရှိမှု မရှိစေရေးအလေးထားရန် စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် က နိုဝင်ဘာလ ၁၁ ရက်နံနက်ပိုင်းမှာ ကျင်းပတဲ့ ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးနှင့် မဲဆန္ဒရှင်စာရင်း မှန်ကန်စေရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၄/၂၀၂၅)တွင် ပြောကြားခဲ့ပါတယ်။ မဲဆန္ဒရှင်စာရင်းများကို ယခုနိုဝင်ဘာလအတွင်း ဒုတိယအကြိမ်အဖြစ် ထပ်မံကပ်ထားကြေညာသွားမည် ဖြစ်၍ အမှန်တကယ်ပါဝင်သင့်တဲ့ မဲဆန္ဒရှင်စာရင်းများ ကျန်ရှိမှုမရှိစေရေး၊ မပါသင့်တဲ့ စာရင်းများပါရှိမှု မရှိစေရေးနှင့် အချက်အလက်မှားယွင်းခြင်းများမရှိစေရေးတို့ကို အလေးထားသတိပြုရန် မှာကြားခဲ့ကြောင်း သိရပါတယ်။ ဒါ့အပြင် ရွေးကောက်ပွဲကျင်းပရန် ၄၅ ရက်သာလိုတာကြောင့် တိုင်းဒေသကြီးအတွင်း ရွေးကောက်ပွဲအောင်မြင်စွာကျင်းပ နိုင်ရေး၊ မဲဆန္ဒရှင်စာရင်းများမှန်ကန်စေရေးတို့အတွက် ဝိုင်းဝန်းဆောင်ရွက်ကာ နိုင်ငံတော်၏အမျိုးသားရေးတာဝန် ကို ကျေပွန်စွာထမ်းဆောင်ကြရန် ပြောကြားခဲ့ကြောင်း သိရပါတယ်။ (NVS 004)