နည်းပြလောကကို ပြန်မလာချင်တော့ဘူးလို့ ဖရန့်ခ်ဒီဘိုးဝါး ပြောကြား
11 Nov
နယ်သာလန်လက်ရွေးစင်အသင်းရဲ့ ကစားသမားဟောင်းနဲ့ နည်းပြဟောင်းဖြစ်တဲ့ ဖရန့်ခ်ဒီဘိုးဝါး က သူ့အနေနဲ့ နည်းပြလောကကို ပြန်မလာချင်တော့ဘူးလို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ ဖရန့်ခ်ဒီဘိုးဝါး ဟာ အေဂျက်စ်နဲ့ ဘာစီလိုနာအသင်းတွေမှာ ခြေစွမ်းပြကစားခဲ့ဖူးသူဖြစ်ပြီး နည်းပြဘဝကို ကူးပြောင်းချိန်မှာတော့ အေဂျက်စ်၊ အင်တာမီလန်၊ ခရစ္စတယ်ပဲလေ့စ်၊ အတ္တလန်တာယူနိုက်တက်၊ အယ်လ်ဂျာဇီးယားအသင်းနဲ့ နယ်သာလန်လက်ရွေးစင်အသင်းတွေကို ကိုင်တွယ်ခဲ့ဖူးသူဖြစ်ပါတယ်။ အေဂျက်စ်အသင်းကို ကိုင်တွယ်စဉ်မှာ အမှတ်ပေးချန်ပီယံဆုကို (၄)ကြိမ်အထိ ရယူနိုင်ခဲ့ပေမယ့် အခြား ဥရောပအသင်းတွေမှာတော့ အောင်မြင်မှုမရခဲ့ဘဲ အချိန်တိုအတွင်း လမ်းခွဲခဲ့ရပါတယ်။ ပဲလေ့စ်အသင်းမှာ ၅ ပွဲသာ ကိုင်တွယ်ခဲ့ရပြီး ထုတ်ပယ်ခံခဲ့ရတာက အဆိုးရွားဆုံးဖြစ်ပြီး ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် အညံ့ဖျင်းဆုံးနည်းပြ အဖြစ်လည်း မှတ်တမ်းဝင်သွားခဲ့ပါတယ်။(NVS 008)